ရူပဈာန်, အရူပဈာန်နှင့် “ထိုဈာန်၏ အကျိုးဝိပါက်”ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် ယစ်မူးစေတတ်သော စိမ်ရည် အရက်နှင့်တူသောကြောင့် “ဘဝါသဝ” မည်၏။
ဘဝေါဃ ၁
ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့်...
