ဗိုလ် ၉ ပါး

by | Jun 9, 2022 | | 0 comments

၁။ သဒ္ဓါဗိုလ်၊ ၂။ ဝီရိယဗိုလ်၊ ၃။ သတိဗိုလ်၊ ၄။ သမာဓိဗိုလ်၊ ၅။ ပညာဗိုလ်၊ ၆။ ဟိရီဗိုလ်၊ ၇။ ဩတ္တပ္ပဗိုလ်၊ ၈။ အဟိရိကဗိုလ်၊ ၉။ အနောတ္တပ္ပဗိုလ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဗြဟ္မဝိဟာရတရား ၄ ပါး

၁။ မေတ္တာ၊ ၂။ ကရုဏာ၊ ၃။ မုဒိတာ၊ ၄။ ဥပေက္ခာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဗာဟိရရုပ်

ကိုယ်ခန္ဓာအား အဇ္ဈတ္တိကရုပ်လောက် ကျေးဇူးမများသော ရုပ်များ။

ဗောဓိပက္ခိယတရား

မဂ်ဉာဏ်ဖြစ်ပေါ်အောင် ကျေးဇူးပြုတတ်သော တရားကို ဗောဓိပက္ခိယတရား ဟုခေါ်သည်။

ဗောဇ္ဈင်

ယောဂီပုဂ္ဂိုလ်များ သစ္စာလေးပါးကို သိခြင်း၏ အကြောင်းဖြစ်သော တရားသည် ဗောဇ္ဈင်မည်၏။