ကာမတဏှာ ၂

by | Jun 9, 2022 | က | 0 comments

လောဘမူ၌ယှဉ်သော လောဘစေတသိက်။

ကုသိုလ်ဝစီကံ ၄ ပါး

၁။မုသာဝါဒဝိရတိ၊ ၂။ပိသုဏဝါစာဝိရတိ၊ ၃။ဖရုသဝါစာဝိရတိ၊ ၄။သမ္ဖပ္ပလာပဝိရတိ ။

ကုသိုလ်စိတ်

အပြစ်ကင်းသော စိတ်။တစ်နည်း- ကောင်းသော အကျိုးကို ပေးသော စိတ်။

ကဋတ္တာရုပ်၁

ကမ္မဇရုပ်ကိုပင် ပဋိသန္ဓေအခါ၌ ကဋတ္တာရုပ်-ဟု ခေါ်သည်။

ကမ္မဋ္ဌာန်း

ဘာဝနာအလုပ်သည်ပင် တရားထူးကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့် ကမ္မဋ္ဌာန်း မည်၏။ တစ်နည်း= ဘာဝနာအလုပ်၌ တည်ခြင်း, ဘာဝနာအလုပ်ကို အားထုတ်ခြင်း, အဖန်ဖန် ရှုမှတ်ခြင်းသည် ကမ္မဋ္ဌာန်း မည်၏။ တစ်နည်း သမထဘာဝနာအလုပ် ဝိပဿနာဘာဝနာအလုပ်၏ ဖြစ်ရာ ကသိုဏ်းစသော အာရုံ၊ သင်္ခါရအာရုံသည်...

ကုသိုလ်မနောကံ ၃ ပါး

၁။ အနဘိဇ္ဈာ၊ ၂။ အဗျာပါဒ၊ ၃။ သမ္မာဒိဋ္ဌိ။ အနဘိဇ္ဈာ။ (အနဘိဇ္ဈာ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...