ပရိဒေဝ၁

by | Jun 9, 2022 | ပ | 0 comments

တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှုကြောင့် တမ်းတ ငိုကြွေးခြင်းသည် “ပရိဒေဝ” မည်၏။

ပစ္စည်း

ကျေးဇူးပြုတတ်၊ ထောက်ပံ့ကူညီပေးတတ်သော ဟိတ်-စသော တရားမျိုးကို ပစ္စယ= ပစ္စည်းဟု ခေါ်သည်။

ပစ္စယသန္နိဿိတသီလ

တရားနည်းလမ်းဖြင့် ရလာသော ပစ္စည်း ၄-ပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်သုံးစွဲမှုသည် "ပစ္စယသန္နိဿိတသီလ" မည်၏။ လူဝတ်ကြောင်တို့အနေဖြင့်လည်း တရားနည်းလမ်းကျသော စီးပွားဖြင့် ရလာသော ပစ္စည်းကို သုံးစွဲခြင်း စားသုံးခြင်းတို့သည် ပစ္စယသန္နိဿိတသီလ...

ပကိဏ်းစေတသိက်

စိတ်အားလုံးမှာ ထိုက်သည်အားလျော်စွာ ရောပြွမ်း၍ ယှဉ်သော စေတသိက်များ။

ပုရိသဘာဝရုပ်

ယောကျ်ား ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ပုရိသဘာဝရုပ်"ဟု ခေါ်သည်၊

ပထမဈာန်

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ဧကဂ္ဂတာ ငါးပါးအစု (ငါးပါးအားလုံးပေါင်း) ကို ပထမဈာန်-ဟု ခေါ်သည်။