ပရိတ္တာရုံ

by | Jun 9, 2022 | | 0 comments

(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) နည်းသော စိတ္တက္ခဏရှိသော အာရုံ။

ပရိစ္ဆေဒရုပ်

ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်အောင် ပိုင်းခြားတတ်သောကြောင့် အာကာသဓာတ်ကို ပရိစ္ဆေဒရုပ်ဟု...

ပထမဈာန်ဘုံ ၃ ဘုံ

၁။ ဗြဟ္မပါရိသဇ္ဇာဘုံ၊ ၂။ ဗြဟ္မပုရောဟိတာဘုံ၊ ၃။ မဟာဗြဟ္မာဘုံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ပရိကမ္မဘာဝနာ

ဈာန်-ဟူသော အပ္ပနာကို ပြုစီမံပေးတတ်သော ဘာဝနာ ၊တစ်နည်း-အပ္ပနာဘာဝနာ၏ အစအလုပ်ဖြစ်သော (အပ္ပနာဘာဝနာ၏) ရှေ့ပိုင်း၌ ဖြစ်သော ဘာဝနာ။ ဘာဝနာစီးဖြန်းသည်မှ စ၍ နီဝရဏမငြိမ်းမီအတွင်း ပွားများအားထုတ်အပ်သမျှ ကာမာဝစရကုသိုလ်ကြိယာဘာဝနာသည် ပရိကမ္မဘာဝနာ ဖြစ်သည်။ (၎င်းတို့၏ အဓိပ္ပါယ်ကို...

ပစ္စဝေက္ခဏာဉာဏ်

မဂ်၊ဖိုလ်၊နိဗ္ဗာန်၊ပယ်ပြီးသော ကိလေသာနှင့် မပယ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်သော ဉာဏ်။ (မဂ်စိတ် ၁-ကြိမ် ဖြစ်ပြီးသည့်နောက် မန္ဒပုဂ္ဂိုလ်ဖြစ်က ဖိုလ်ဇော ၂-ကြိမ် တိက္ခပုဂ္ဂိုလ်က ဖိုလ်ဇော ၃-ကြိမ် ဖြစ်ပြီးသည့်အတွက် ဘဝင်ကျရတော့သည်။ မဂ္ဂဝီထိနောက် ဘဝင်အပြတ်မှာ ပစ္စဝေက္ခဏာ...

ပထမဈာန်

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ဧကဂ္ဂတာ ငါးပါးအစု (ငါးပါးအားလုံးပေါင်း) ကို ပထမဈာန်-ဟု ခေါ်သည်။