ဈာန်-ဟူသော အပ္ပနာကို ပြုစီမံပေးတတ်သော ဘာဝနာ ၊တစ်နည်း-အပ္ပနာဘာဝနာ၏ အစအလုပ်ဖြစ်သော (အပ္ပနာဘာဝနာ၏) ရှေ့ပိုင်း၌ ဖြစ်သော ဘာဝနာ။ ဘာဝနာစီးဖြန်းသည်မှ စ၍ နီဝရဏမငြိမ်းမီအတွင်း ပွားများအားထုတ်အပ်သမျှ ကာမာဝစရကုသိုလ်ကြိယာဘာဝနာသည် ပရိကမ္မဘာဝနာ ဖြစ်သည်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ပစ္စယုပ္ပန်
ကျေးဇူးပြု၊ ထောက်ပံ့ကူညီပေးမူကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားကို ပစ္စယုပ္ပန်-ဟု ခေါ်သည်။
