ပရိကမ္မဘာဝနာ

by | Jun 9, 2022 | | 0 comments

ဈာန်-ဟူသော အပ္ပနာကို ပြုစီမံပေးတတ်သော ဘာဝနာ ၊တစ်နည်း-အပ္ပနာဘာဝနာ၏ အစအလုပ်ဖြစ်သော (အပ္ပနာဘာဝနာ၏) ရှေ့ပိုင်း၌ ဖြစ်သော ဘာဝနာ။ ဘာဝနာစီးဖြန်းသည်မှ စ၍ နီဝရဏမငြိမ်းမီအတွင်း ပွားများအားထုတ်အပ်သမျှ ကာမာဝစရကုသိုလ်ကြိယာဘာဝနာသည် ပရိကမ္မဘာဝနာ ဖြစ်သည်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ပစ္စည်း

ကျေးဇူးပြုတတ်၊ ထောက်ပံ့ကူညီပေးတတ်သော ဟိတ်-စသော တရားမျိုးကို ပစ္စယ= ပစ္စည်းဟု ခေါ်သည်။

ပညိန္ဒြေ ၁

ကွဲပြားစွာ သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

ပကိဏ်းစေတသိက် ၆ ပါး

၁။ ဝိတက္က၊ ၂။ ဝိစာရ၊ ၃။ အဓိမောက္ခ၊ ၄။ ဝီရိယ၊ ၅။ ပီတိ၊ ၆။ ဆန္ဒ။(၎င်းတို့၏ အဓိပ္ပါယ်ကို စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...