ပရမတ္ထတရား ၄ ပါး

by | Jun 9, 2022 | | 0 comments

၁။ စိတ်၊ ၂။ စေတသိက်၊ ၃။ ရုပ်၊ ၄။ နိဗ္ဗာန်။ ၎င်းတို့၏ အဓပ္ပါယ်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။

ပဋိသန္ဓေ ၄ မျိုး

၁။ အပါယ်ပဋိသန္ဓေ၊ ၂။ ကာမသုဂတိပဋိသန္ဓေ၊ ၃။ ရူပါဝစရပဋိသန္ဓေ၊ ၄။ အရူပါဝစရပဋိသန္ဓေ။

ပရိကမ္မဘာဝနာ

ဈာန်-ဟူသော အပ္ပနာကို ပြုစီမံပေးတတ်သော ဘာဝနာ ၊တစ်နည်း-အပ္ပနာဘာဝနာ၏ အစအလုပ်ဖြစ်သော (အပ္ပနာဘာဝနာ၏) ရှေ့ပိုင်း၌ ဖြစ်သော ဘာဝနာ။ ဘာဝနာစီးဖြန်းသည်မှ စ၍ နီဝရဏမငြိမ်းမီအတွင်း ပွားများအားထုတ်အပ်သမျှ ကာမာဝစရကုသိုလ်ကြိယာဘာဝနာသည် ပရိကမ္မဘာဝနာ ဖြစ်သည်။ (၎င်းတို့၏ အဓိပ္ပါယ်ကို...

ပရိတ္တာရုံ

(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) နည်းသော စိတ္တက္ခဏရှိသော အာရုံ။

ပညိန္ဒြေ

သိမှုကိစ္စကို လွှမ်းမိုး အုပ်စိုးနိုင်သော သဘော။

ပတ္တိဒါန

မိမိရသော ကုသိုလ်အဖို့ကို အမျှပေးဝေမှု။

ပဋိသန္ဓေ

ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်သောအားဖြင့် ဘဝဟောင်းအပြတ်တွင် ဘဝသစ်၌ စိတ်, စေတသိက်, ကမ္မဇရုပ်တို့၏ အစဆုံးဖြစ်ခြင်းကိုပင် 'ပဋိသန္ဓေ'ဟု...