ဥဒယဗ္ဗယဉာဏ်မှ စ၍ အစဉ်အတိုင်း တိုးတက်၍ ဆက်လက် ကြိုးစားအားထုတ်သည် ရှိသော် အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးတို့သည် အဆင့်ဆင့် ဖြစ်ပေါ်လာကြသည်၊ ထိုဝိပဿနာဉာဏ် ၉-ပါးကိုပင် “ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ”ဟု ခေါ်သည်၊ “မဂ်ဖိုလ်သို့ ရောက်ဖွယ် စင်ကြယ်သော ဉာဏ်အမြင်”ဟု ဆိုလိုသည်။ (ပဋိပဒါဉာဏဒဿန= မဂ်ဟူသော ဉာဏ်အမြင်စင်ကြယ်ကြောင်းအကျင့်၏၊ ဝိသုဒ္ဓိ= လက္ခဏာရေးသုံးပါးသိမြင်သဖြင့် ဆန့်ကျင်ဘက် ကိလေသာတို့မှ စင်ကြယ်ခြင်း)။
ပရိဒေဝ၂
စိတ္တဇဝိပလ္လာသ သဒ္ဒရုပ်(စိတ်ကြောင့် ဖြစ်သော ဖောက်ပြန်သော အသံ။)
