ပဋိစ္စသမုပ္ပါဒ်နည်း

by | Jun 9, 2022 | ပ | 0 comments

အဝိဇ္ဇာ-စသော အကြောင်းတရားကြောင့် သင်္ခါရ-စသော အကျိုးတရား ဖြစ်ပုံမျှကို ပြ၍ ပစ္စယသတ္တိကို မပြသော နည်းသည် “ပဋိစ္စသမုပ္ပါဒ်နည်း” မည်၏။

ပဋိဘာဂနိမိတ်

"ပဋိဘာဂနိမိတ်"ဟူသည် စီးဖြန်းခါစ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့၏ အာရုံဖြစ်သော မူလအာရုံနှင့်တူသော အာရုံ(ပုံရိပ်)တစ်မျိုးပင် ဖြစ်သည်။ ထိုအာရုံသည် ဥဂ္ဂဟနိမိတ်နှင့် တူသောကြောင့်...

ပရိကမ္မနိမိတ်

ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ကသိုဏ်းဝန်း-စသော နိမိတ်(ပုံရိပ်အာရုံ)ကို "ပရိကမ္မနိမိတ်"ဟု ခေါ်သည်။

ပရိတ္တာဘာ

အပ္ပမာဏာဘာနှင့် အာဘဿရာဗြဟ္မာတို့လောက် ကိုယ်ရောင်မတောက်ဘဲ နည်းသော ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာတို့ကို ပရတ္တာဘာ-ဟု...

ပဋိသန္ဓေ ၄ မျိုး

၁။ အပါယ်ပဋိသန္ဓေ၊ ၂။ ကာမသုဂတိပဋိသန္ဓေ၊ ၃။ ရူပါဝစရပဋိသန္ဓေ၊ ၄။ အရူပါဝစရပဋိသန္ဓေ။

ပရနိမ္မိတဝသဝတ္တိဘုံ

သူတစ်ပါးဖန်ဆင်းထားသော စည်းစိမ်ကို မိမိအလိုအတိုင်း ဖြစ်စေကြသော နတ်တို့ ဖြစ်ရာ ဘုံ။