ပဉ္စမဈာန်

by | Jun 9, 2022 | | 0 comments

ဥပေက္ခာ, ဧကဂ္ဂတာ နှစ်ပါးအစု (နှစ်ပါးပါးအားလုံးပေါင်း)ကို ပဉ္စမဈာန်-ဟု ခေါ်သည်။

ပရိကမ္မနိမိတ်

ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ကသိုဏ်းဝန်း-စသော နိမိတ်(ပုံရိပ်အာရုံ)ကို "ပရိကမ္မနိမိတ်"ဟု ခေါ်သည်။

ပဋိသင်္ခါဉာဏ်

ထွက်မြောက်ရန် အကြောင်းပြည့်စုံခြင်းငှာ ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့ကို သိမ်းဆည်းသော...

ပရိတ္တသုဘာ

နည်းပါးသော တင့်တယ်သော ကိုယ်ရောင်ရှိသော ဗြဟ္မာများသည် ပရိတ္တသုဘာမည်ကုန်၏။

ပဉ္စဒွါရာဝဇ္ဇန်း

ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် ပဉ္စ+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ပဉ္စ= ငါးခုသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ မျက်စိ, နား, နှာ, လျှာ, ကိုယ်-ဟူသော ဒွါရ (တံခါး) ငါးခု၌ ဖြစ်ပေါ်လာသော (အာရုံကို)...

ပိသုဏဝါစာ

ချောပစ်ကုန်းတိုက်ခြင်း၊ တစ်ဦးနှင့် တစ်ဦး အချစ်ပျက်အောင် ကုန်းချောစကား ပြောကြားခြင်း။