ပစ္စဝေက္ခဏာဉာဏ်

by | Jun 9, 2022 | ပ | 0 comments

မဂ်၊ဖိုလ်၊နိဗ္ဗာန်၊ပယ်ပြီးသော ကိလေသာနှင့် မပယ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်သော ဉာဏ်။ (မဂ်စိတ် ၁-ကြိမ် ဖြစ်ပြီးသည့်နောက် မန္ဒပုဂ္ဂိုလ်ဖြစ်က ဖိုလ်ဇော ၂-ကြိမ် တိက္ခပုဂ္ဂိုလ်က ဖိုလ်ဇော ၃-ကြိမ် ဖြစ်ပြီးသည့်အတွက် ဘဝင်ကျရတော့သည်။ မဂ္ဂဝီထိနောက် ဘဝင်အပြတ်မှာ ပစ္စဝေက္ခဏာ ဝီထိများ ဖြစ်ကြသည်၊ ထိုပစ္စဝေက္ခဏာဝီထိများ၌ ပါသော မဟာကုသိုလ်, မဟာကြိယာဉာဏ သမ္ပယုတ်ဇောနှင့် ယှဉ်သော ဉာဏ်များကို “ပစ္စဝေက္ခဏာဉာဏ်”ဟု ခေါ်သည်။)

ပဉ္စဒွါရာဝဇ္ဇန်း

ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် ပဉ္စ+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ပဉ္စ= ငါးခုသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ မျက်စိ, နား, နှာ, လျှာ, ကိုယ်-ဟူသော ဒွါရ (တံခါး) ငါးခု၌ ဖြစ်ပေါ်လာသော (အာရုံကို)...

ပတ္တိဒါန

မိမိရသော ကုသိုလ်အဖို့ကို အမျှပေးဝေမှု။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဥဒယဗ္ဗယဉာဏ်မှ စ၍ အစဉ်အတိုင်း တိုးတက်၍ ဆက်လက် ကြိုးစားအားထုတ်သည် ရှိသော် အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးတို့သည် အဆင့်ဆင့် ဖြစ်ပေါ်လာကြသည်၊ ထိုဝိပဿနာဉာဏ် ၉-ပါးကိုပင် "ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ"ဟု ခေါ်သည်၊ "မဂ်ဖိုလ်သို့ ရောက်ဖွယ် စင်ကြယ်သော ဉာဏ်အမြင်"ဟု ဆိုလိုသည်။...