ပစ္စယသန္နိဿိတသီလ

by | Jun 9, 2022 | ပ | 0 comments

တရားနည်းလမ်းဖြင့် ရလာသော ပစ္စည်း ၄-ပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်သုံးစွဲမှုသည် “ပစ္စယသန္နိဿိတသီလ” မည်၏။ လူဝတ်ကြောင်တို့အနေဖြင့်လည်း တရားနည်းလမ်းကျသော စီးပွားဖြင့် ရလာသော ပစ္စည်းကို သုံးစွဲခြင်း စားသုံးခြင်းတို့သည် ပစ္စယသန္နိဿိတသီလ ဖြစ်ပါသည်။

ပဋိသန္ဓေ ၄ မျိုး

၁။ အပါယ်ပဋိသန္ဓေ၊ ၂။ ကာမသုဂတိပဋိသန္ဓေ၊ ၃။ ရူပါဝစရပဋိသန္ဓေ၊ ၄။ အရူပါဝစရပဋိသန္ဓေ။

ပဋိဘာဂနိမိတ်

"ပဋိဘာဂနိမိတ်"ဟူသည် စီးဖြန်းခါစ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့၏ အာရုံဖြစ်သော မူလအာရုံနှင့်တူသော အာရုံ(ပုံရိပ်)တစ်မျိုးပင် ဖြစ်သည်။ ထိုအာရုံသည် ဥဂ္ဂဟနိမိတ်နှင့် တူသောကြောင့်...

ပဉ္စာနန္တရိယကံ ၅ ပါး

၁။ မာတုဃာတက ကံ၊၂။ ပိတုဃာတက ကံ၊ ၃။ အရဟန္တဃာတက ကံ၊၄။ လောဟိတုပ္ပာဒက ကံ၊၅။ သံဃဘေဒက ကံ။

ပဉ္စဒွါရာဝဇ္ဇန်း

ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် ပဉ္စ+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ပဉ္စ= ငါးခုသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ မျက်စိ, နား, နှာ, လျှာ, ကိုယ်-ဟူသော ဒွါရ (တံခါး) ငါးခု၌ ဖြစ်ပေါ်လာသော (အာရုံကို)...