ပကိဏ်း ပိုင်း

by | Jun 9, 2022 | | 0 comments

ပကိဏ်း-ဟူသော ဝေါဟာရသည် ပကိဏ္ဏက-ဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ ထိုပကိဏ္ဏကသည် ရောပြွမ်းခြင်းအနက်ကို ဟောသည်။ သို့ဖြစ်၍ စိတ် စေတသိက် နှစ်ခုကို ရောပြွမ်း၍ ဝေဒနာ, ဟိတ်, ကိစ္စ, ဒွါရ,အာရုံ,ဝတ္တု-တို့ဖြင့် ခွဲခြမ်း စိတ်ဖြာပြသော အပိုင်းကို ပကိဏ်းပိုင်း-ဟု ခေါ်သည်။

ပုညကြိယဝတ္ထု ၁၀ ပါး

၁။ ဒါန၊ ၂။ သီလ၊ ၃။ ဘာဝနာ၊ ၄။ အပစာယန၊ ၅။ ဝေယျာဝစ္စ၊ ၆။ ပတ္တိဒါန၊ ၇။ ပတ္တာနုမောဒန၊ ၈။ ဓမ္မဿဝန၊ ၉။ ဓမ္မဒေသနာ၊ ၁၀။ ဒိဋ္ဌိဇုကမ္မ။ (ဒါန-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ပစ္စယသန္နိဿိတသီလ

တရားနည်းလမ်းဖြင့် ရလာသော ပစ္စည်း ၄-ပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်သုံးစွဲမှုသည် "ပစ္စယသန္နိဿိတသီလ" မည်၏။ လူဝတ်ကြောင်တို့အနေဖြင့်လည်း တရားနည်းလမ်းကျသော စီးပွားဖြင့် ရလာသော ပစ္စည်းကို သုံးစွဲခြင်း စားသုံးခြင်းတို့သည် ပစ္စယသန္နိဿိတသီလ...

ပိသုဏဝါစာ

ချောပစ်ကုန်းတိုက်ခြင်း၊ တစ်ဦးနှင့် တစ်ဦး အချစ်ပျက်အောင် ကုန်းချောစကား ပြောကြားခြင်း။

ပဋိဃာနုသယ ၁

ယှဉ်ဖက်တရားတို့ကို ဖျက်ဆီးတတ်သော တရားတို့ကို "ပဋိဃ"ဟု ခေါ်သည်၊ ထိုပဋိဃသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် ပဋိဃာနုသယ...

ပဋိဘာဂနိမိတ်

"ပဋိဘာဂနိမိတ်"ဟူသည် စီးဖြန်းခါစ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့၏ အာရုံဖြစ်သော မူလအာရုံနှင့်တူသော အာရုံ(ပုံရိပ်)တစ်မျိုးပင် ဖြစ်သည်။ ထိုအာရုံသည် ဥဂ္ဂဟနိမိတ်နှင့် တူသောကြောင့်...