နိရောဓသမာပတ် ဝင်စားသည်

by | Jun 9, 2022 | | 0 comments

ထိုတွင် စိတ်, စေတသိက်, စိတ္တဇရုပ်တို့ အခိုက်အတန့်မျှ ချုပ်ခြင်းသို့ ကောင်းစွာ ရောက်နေသည်ကို “နိရောဓသမာပတ် ဝင်စားသည်”ဟု ခေါ်သည်၊ (နိရောဓ= ချုပ်ခြင်းသို့၊ သမာပတ်= ကောင်းစွာ ရောက်သည်)။ ထိုနိရောဓသမာပတ်ကို အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်များသာ ဝင်စားနိုင်သည်။

နိရောဓသမာပတ်မှ ထသည်

သမာပတ်အတွင်း၌ ချုပ်ငြိမ်းနေသော စိတ်, စေတသိက်, စိတ္တဇရုပ်များ ပြန်၍ဖြစ်ပေါ်လာသည်ကိုပင် "နိရောဓသမာပတ်မှ ထသည်"ဟု ခေါ်သည်။ သမာပတ်မှထသည့်အခါ အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်စိတ် ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်စိတ်များ တစ်ကြိမ်ပေါပြီးနောက်...

နိဗ္ဗာန် ၂ မျိုး

သဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

နိဗ္ဗာန် ၃ မျိုး

နိဗ္ဗာန်သည် ပရမတ်အားဖြင့် တစ်မျိုးတည်းသာ ရှိသော်လည်း နိဗ္ဗာန်၏ ဂုဏ်ဟူသော အခြင်းအရာအားဖြင့် သုံးမျိုးခွဲခြားကြသည်။ ၁။ သုညတနိဗ္ဗာန်၊ ၂။ အနိမိတ္တနိဗ္ဗာန်၊ ၃။ အပ္ပဏိဟိတနိဗ္ဗာန်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

နိဗ္ဗိဒါဉာဏ်

အပြစ်ဟု ထင်မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ငြီးငွေ့သော ဉာဏ်။

နိရောဓသမာပတ် ဝင်စားသူ

စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုသို့ ရောက်နေသူ။ (နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ်ပုဂ္ဂိုလ်မှာ အနာဂါမိဖိုလ်ဇော တစ်ကြိမ်ဖြစ်သည်၊ ရဟန္တာပုဂ္ဂိုလ်မှာ အရဟတ္ထဖိုလ်ဇော တစ်ကြိမ် ဖြစ်သည်၊ ထို့နောက် ဘဝင် ကျသည်၊ ဘဝင်နောက်မှာ...

နတ်ပြည် ၆ ထပ်

၁။စာတုမဟာရာဇ်၊ ၂။တာဝတိံသာ၊၃။ယာမာ၊၄။တုသိတာ၊န၅။နိမ္မာနရတိ၊၆။ပရနိမ္မိတဝသဝတ္တီ။