နိရောဓသမာပတ် ဝင်စားသည်

by | Jun 9, 2022 | | 0 comments

ထိုတွင် စိတ်, စေတသိက်, စိတ္တဇရုပ်တို့ အခိုက်အတန့်မျှ ချုပ်ခြင်းသို့ ကောင်းစွာ ရောက်နေသည်ကို “နိရောဓသမာပတ် ဝင်စားသည်”ဟု ခေါ်သည်၊ (နိရောဓ= ချုပ်ခြင်းသို့၊ သမာပတ်= ကောင်းစွာ ရောက်သည်)။ ထိုနိရောဓသမာပတ်ကို အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်များသာ ဝင်စားနိုင်သည်။

နိဗ္ဗာန် ၂ မျိုး

သဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

နိရောဓသမာပတ်မှ ထသည်

သမာပတ်အတွင်း၌ ချုပ်ငြိမ်းနေသော စိတ်, စေတသိက်, စိတ္တဇရုပ်များ ပြန်၍ဖြစ်ပေါ်လာသည်ကိုပင် "နိရောဓသမာပတ်မှ ထသည်"ဟု ခေါ်သည်။ သမာပတ်မှထသည့်အခါ အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်စိတ် ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်စိတ်များ တစ်ကြိမ်ပေါပြီးနောက်...

နိဗ္ဗာန်

နိဗ္ဗာန်သည် "ဝါန"ဟုခေါ်သော တဏှာမှ ထွက်မြောက်တတ်၏၊ ထို့ကြောင့် "နိဗ္ဗာန်"ဟု ခေါ်သည်။

နိပ္ဖန္နရုပ် ၁၈ ပါး

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။(ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

နိမ္မာနရတိဘုံ

မိမိဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်ခြင်း ရှိကြသော နတ်တို့ ဖြစ်ရာ ဘုံ။