နိမိတ် ၃ ပါး

by | Jun 9, 2022 | | 0 comments

၁။ ပရိကမ္မနိမိတ်၊ ၂။ ဥဂ္ဂဟနိမိတ်၊ ၃။ ပဋိဘာဂနိမိတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

နာမ် ရုပ် ၂

ဝိပါက်ဝိညာဉ်၌ ယှဉ်သော စေတသိက်နှင့် ကမ္မဇရုပ်။

နေဝသညာနာသညာယတနဘုံ

နေဝသညာနာသညာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...

နိရောဓသမာပတ်

စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုသို့ ရောက်ခြင်း။

နိမ္မာနရတိဘုံ

မိမိဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်ခြင်း ရှိကြသော နတ်တို့ ဖြစ်ရာ ဘုံ။

နတ်ပြည် ၆ ထပ်

၁။စာတုမဟာရာဇ်၊ ၂။တာဝတိံသာ၊၃။ယာမာ၊၄။တုသိတာ၊န၅။နိမ္မာနရတိ၊၆။ပရနိမ္မိတဝသဝတ္တီ။

နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်

(ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ရှိသော ကုသိုလ်ဈာန်စိတ်ကို နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်-ဟု...