နိဗ္ဗာန် ၃ မျိုး

by | Jun 9, 2022 | | 0 comments

နိဗ္ဗာန်သည် ပရမတ်အားဖြင့် တစ်မျိုးတည်းသာ ရှိသော်လည်း နိဗ္ဗာန်၏ ဂုဏ်ဟူသော အခြင်းအရာအားဖြင့် သုံးမျိုးခွဲခြားကြသည်။ ၁။ သုညတနိဗ္ဗာန်၊ ၂။ အနိမိတ္တနိဗ္ဗာန်၊ ၃။ အပ္ပဏိဟိတနိဗ္ဗာန်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်

(ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ရှိသော ကုသိုလ်ဈာန်စိတ်ကို နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်-ဟု...

နိဗ္ဗိဒါဉာဏ်

အပြစ်ဟု ထင်မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ငြီးငွေ့သော ဉာဏ်။

နိဗ္ဗာန် ၂ မျိုး

သဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

နိပ္ဖန္နရုပ်

"ကံ, စိတ်, ဥတု, အာဟာရ" ဟူသော အကြောင်းတရားတို့က ဖြစ်စေ၍ ဖြစ်ပေါ်လာသော ရုပ်များ။