နိဗ္ဗာန် ၃ မျိုး

by | Jun 9, 2022 | | 0 comments

နိဗ္ဗာန်သည် ပရမတ်အားဖြင့် တစ်မျိုးတည်းသာ ရှိသော်လည်း နိဗ္ဗာန်၏ ဂုဏ်ဟူသော အခြင်းအရာအားဖြင့် သုံးမျိုးခွဲခြားကြသည်။ ၁။ သုညတနိဗ္ဗာန်၊ ၂။ အနိမိတ္တနိဗ္ဗာန်၊ ၃။ အပ္ပဏိဟိတနိဗ္ဗာန်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

နိရောဓသမာပတ်

စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုသို့ ရောက်ခြင်း။

နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်

(ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ရှိသော ကုသိုလ်ဈာန်စိတ်ကို နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်-ဟု...

နတ်ပြည် ၆ ထပ်

၁။စာတုမဟာရာဇ်၊ ၂။တာဝတိံသာ၊၃။ယာမာ၊၄။တုသိတာ၊န၅။နိမ္မာနရတိ၊၆။ပရနိမ္မိတဝသဝတ္တီ။

နီဝရဏ

ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို "နီဝရဏ"ဟု ခေါ်သည်။

နိဗ္ဗာန်

နိဗ္ဗာန်သည် "ဝါန"ဟုခေါ်သော တဏှာမှ ထွက်မြောက်တတ်၏၊ ထို့ကြောင့် "နိဗ္ဗာန်"ဟု ခေါ်သည်။