ကမ္မဋ္ဌာန်းကို ရှုမှတ်နေသော ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘော (လက္ခဏာ)အားဖြင့်ဖြစ်စေ၊ စွမ်းအင်သတ္တိကိစ္စ (ရသ)အားဖြင့်ဖြစ်စေ၊ ရှုမှတ်သူ၏ အသိဉာဏ်ထဲမှာ ပေါ်လွင်ထင်ရှားလာပုံ အမူအရာ (ပစ္စုပဋ္ဌာန်)အားဖြင့်ဖြစ်စေ နာမ်-ရုပ်တို့ကို အမှန်အတိုင်း သိမြင်မှုကို “နာမရူပပရိစ္ဆေဒဉာဏ်”ဟု ခေါ်သည်။
နိရောဓသမာပတ် ဝင်စားသူ
စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုသို့ ရောက်နေသူ။ (နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ်ပုဂ္ဂိုလ်မှာ အနာဂါမိဖိုလ်ဇော တစ်ကြိမ်ဖြစ်သည်၊ ရဟန္တာပုဂ္ဂိုလ်မှာ အရဟတ္ထဖိုလ်ဇော တစ်ကြိမ် ဖြစ်သည်၊ ထို့နောက် ဘဝင် ကျသည်၊ ဘဝင်နောက်မှာ...