နတ္ထိပစ္စယော

by | Jun 9, 2022 | | 0 comments

မိမိ၏ နောက် ဆက်လျက် ဖြစ်ပေါ်လာမည့် နာမ်တရားတို့အား ဖြစ်ခွင့်ပေးခြင်းအားဖြင့် ကိုယ်တိုင် မရှိတော့သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

နာမ် ရုပ် ၂

ဝိပါက်ဝိညာဉ်၌ ယှဉ်သော စေတသိက်နှင့် ကမ္မဇရုပ်။

နိမ္မာနရတိဘုံ

မိမိဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်ခြင်း ရှိကြသော နတ်တို့ ဖြစ်ရာ ဘုံ။

န ကုတောစိသမုဋ္ဌာန်

လက္ခဏရုပ်လေးပါးတို့သည် ကံ စိတ် ဥတု အာဟာရ အကြောင်းလေးပါးကြောင့် မဖြစ်၊ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းတို့သည် ဖြစ်ပေါ်သော ရုပ်တို့၏ သဘောတံထွာ ဓမ္မတာပင် ဖြစ်၏။ ထို့ကြောင့် နကုတောစိသမုဋ္ဌာန်ရုပ်...

နေဝသညာနာသညာယတနဘုံ

နေဝသညာနာသညာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...

နိမိတ် ၃ ပါး

၁။ ပရိကမ္မနိမိတ်၊ ၂။ ဥဂ္ဂဟနိမိတ်၊ ၃။ ပဋိဘာဂနိမိတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...