ဒွါရသဒ္ဒါသည် “တံခါးပေါက်”ဟူသော အနက်ကို ဟော၏၊ တံခါးပေါက်သည် လူတို့၏ ဝင်လာစရာ ဖြစ်သကဲ့သို့ ထို့အတူ စက္ခုပသာဒ- စသည်တို့သည်လည်း သက်ဆိုင်ရာ ဝီထိစိတ်တို့၏ ဝင်လာစရာ ဖြစ်၏၊ ဤသို့ တံခါးနှင့် တူသောကြောင့် စက္ခုပသာဒ စသည်တို့ကိုလည်း “ဒွါရ” ဟု ခေါ်ရသည်။
ဒုတိယဈာန်ဘုံ ၃ ဘုံ
၁။ ပရိတ္တာဘာဘုံ၊ ၂။ အပ္ပမာဏာဘာဘုံ၊ ၃။ အာဘဿရာဘုံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...