ဒွါရသဒ္ဒါသည် “တံခါးပေါက်”ဟူသော အနက်ကို ဟော၏၊ တံခါးပေါက်သည် လူတို့၏ ဝင်လာစရာ ဖြစ်သကဲ့သို့ ထို့အတူ စက္ခုပသာဒ- စသည်တို့သည်လည်း သက်ဆိုင်ရာ ဝီထိစိတ်တို့၏ ဝင်လာစရာ ဖြစ်၏၊ ဤသို့ တံခါးနှင့် တူသောကြောင့် စက္ခုပသာဒ စသည်တို့ကိုလည်း “ဒွါရ” ဟု ခေါ်ရသည်။
ဒွါရ ၆ မျိုး (တံခါး ၆ ပေါက်)
ဒွါရတို့သည် စက္ခုဒွါရ (မျက်စိတံခါး)၊ သောတဒွါရ (နားတံခါး)၊ ဃာနဒွါရ (နှာခေါင်းတံခါး)၊ ဇိဝှါဒွါရ (လျှာတံခါး)၊ ကာယဒွါရ (ကိုယ်တံခါး)၊ မနောဒွါရ (စိတ်တံခါး)-ဟု ၆ မျိုး...
