ဒေါမနဿသဟဂုတ်

by | Jun 9, 2022 | | 0 comments

ဒေါမနဿသဟဂုတ်-ဟူသော ပုဒ်သည် ဒေါမနဿ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသော ပုဒ်ဖြစ်သည်၊ ဒေါမနဿ= ဒေါမနဿဝေဒနာနှင့်၊ ဝါ- နှလုံးမသာယာမှုနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု အဓိပ္ပါယ်ရသည်။

ဒေါသ

ခက်ထန်ကြမ်းတမ်းခြင်းသဘော။

ဒွိဟိတ်စိတ် ၂၂ ပါး

လောဘမူစိတ် ၈ ပါး၊ ဒေါသမူစိတ် ၂ ပါး၊ ကာမာဝစရသောဘန ဉာဏဝိပ္ပယုတ်စိတ် ၁၂ ပါး။(လောဘမူစိတ်-စသည်ကိုလည်း...

ဒေဝတာနုဿတိ

နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဒေဝတာနုဿတိ မည်၏၊ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု အမှတ်ရနေမှု...

ဒဿနကိစ္စ

ကြည့်ရှုခြင်းအလုပ်သည် ဒဿနကိစ္စ မည်၏။