နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဒေဝတာနုဿတိ မည်၏၊ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု အမှတ်ရနေမှု ဖြစ်သည်။
ဒိဋ္ဌိယောဂ ၁
မှားယွင်းသော အယူ ဟူသော ဒိဋ္ဌိသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့် ဒိဋ္ဌိယောဂ...
