ဒိဗ္ဗသောတအဘိညာဉ်

by | Jun 9, 2022 | ဒ | 0 comments

နတ်တို့၏ သောတပသာဒကဲ့သို့ ဝေးသောအသံ, တိုးသော အသံကိုလည်း ကြားနိုင်သော အဘိညာဉ်။

ဒွါရ

ဒွါရသဒ္ဒါသည် "တံခါးပေါက်"ဟူသော အနက်ကို ဟော၏၊ တံခါးပေါက်သည် လူတို့၏ ဝင်လာစရာ ဖြစ်သကဲ့သို့ ထို့အတူ စက္ခုပသာဒ- စသည်တို့သည်လည်း သက်ဆိုင်ရာ ဝီထိစိတ်တို့၏ ဝင်လာစရာ ဖြစ်၏၊ ဤသို့ တံခါးနှင့် တူသောကြောင့် စက္ခုပသာဒ စသည်တို့ကိုလည်း "ဒွါရ" ဟု...

ဒုက္ခ ၂

ဒုက္ခသဟဂုတ် ကာယဝိညာဉ်၌ယှဉ်သော ဝေဒနာစေတသိက်။

ဒွါရရုပ်

တံခါးနှင့် တူသော ရုပ်များ။ (ဝီထိစိတ်၏ဖြစ်ကြောင်း၊ ကာယကံ, ဝစီကံ၏ အထမြောက်ကြောင်း ဖြစ်သောကြောင့် စက္ခု-စသော ရုပ် ၇-ပါးတို့သည် "ဒွါရရုပ်" မည်ကြသည်။...

ဒေါမနဿ ၂

ဒေါသမူဒွေး၌ ရှိသော ဝေဒနာစေတသိက်။

ဒိဋ္ဌိဂတဝိပ္ပယုတ်

ဒိဋ္ဌိဂတဝိပ္ပယုတ်-ဟူသော ပုဒ်သည် ဒိဋ္ဌိဂတ+ဝိပ္ပယုတ္တ-ဟူသော ပုဒ်တို့မှ ဆင်သက်လာသော ပုဒ် ဖြစ်သည်။ ဒိဋ္ဌိဂတ= အယူမှားမှုနှင့်၊ ဝိပ္ပယုတ္တ= မယှဉ်သော-ဟု...