ဒိဋ္ဌောဃ ၁

by | Jun 9, 2022 | ဒ | 0 comments

မှားယွင်းသော အယူ ဟူသော ဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့် ဒိေဋ္ဌာဃမည်၏။

ဒုတိယဈာန်ဘုံ

ဒုတိယဈာန်ရသော ဗြဟ္မာတို့ နေရာဘုံ ဖြစ်သောကြောင့် ဒုတိယဈာန်ဘုံဟု ခေါ်သည်။

ဒေဝတာနုဿတိ

နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဒေဝတာနုဿတိ မည်၏၊ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု အမှတ်ရနေမှု...

ဒုက္ခ ၂

ဒုက္ခသဟဂုတ် ကာယဝိညာဉ်၌ယှဉ်သော ဝေဒနာစေတသိက်။

ဒေါမနဿ ၁

စိတ်ဆင်းရဲမှု၊ နှလုံး မသာယာမှုသည် "ဒေါမနဿ" မည်၏။

ဒိဋ္ဌိဝိသုဒ္ဓိ

နာမရူပပရိစ္ဆေဒဉာဏ် (နမ်ရုပ်တို့ကို ပိုင်းခြား၍ အမှန်အတိုင်း သိမြင်သော ဉာဏ်) သည်ပင်လျှင် အတ္တဒိဋ္ဌိအညစ်အကြေးမှ သန့်ရှင်း စင်ကြယ်သောကြောင့် "ဒိဋ္ဌိဝိသုဒ္ဓိ" မည်၏။ (ဒိဋ္ဌိ= အမြင်၊ အယူ၊ ဝိသုဒ္ဓိ= မှားယွင်းသော အမြင်ဟူသော အညစ်အကြေးမရှိ၊...