ဒိဋ္ဌိဝိသုဒ္ဓိ

by | Jun 9, 2022 | ဒ | 0 comments

နာမရူပပရိစ္ဆေဒဉာဏ် (နမ်ရုပ်တို့ကို ပိုင်းခြား၍ အမှန်အတိုင်း သိမြင်သော ဉာဏ်) သည်ပင်လျှင် အတ္တဒိဋ္ဌိအညစ်အကြေးမှ သန့်ရှင်း စင်ကြယ်သောကြောင့် “ဒိဋ္ဌိဝိသုဒ္ဓိ” မည်၏။ (ဒိဋ္ဌိ= အမြင်၊ အယူ၊ ဝိသုဒ္ဓိ= မှားယွင်းသော အမြင်ဟူသော အညစ်အကြေးမရှိ၊ စင်ကြယ်၏။)

ဒိဋ္ဌောဃ ၁

မှားယွင်းသော အယူ ဟူသော ဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့်...

ဒူရေရုပ်

ဝေးသော ရုပ်များ၊ဝါ-ဝေးကွာနေသော ဝတ္ထုကို ယူဖို့ရာ မလွယ်သကဲ့သို့ ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်သည့်အခါ မထင်လွယ် မမြင်လွယ် မသိလွယ်သော...

ဒိဋ္ဌာသဝ ၁

မှားယွင်းသော အယူ ဟူသော ဒိဋ္ဌိသည် စိမ်ရည်အရက်နှင့် တူသောကြောင့် ဒိဋ္ဌာသဝမည်၏။

ဒေါမနဿသဟဂုတ်

ဒေါမနဿသဟဂုတ်-ဟူသော ပုဒ်သည် ဒေါမနဿ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသော ပုဒ်ဖြစ်သည်၊ ဒေါမနဿ= ဒေါမနဿဝေဒနာနှင့်၊ ဝါ- နှလုံးမသာယာမှုနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု...

ဒိဗ္ဗသောတအဘိညာဉ်

နတ်တို့၏ သောတပသာဒကဲ့သို့ ဝေးသောအသံ, တိုးသော အသံကိုလည်း ကြားနိုင်သော အဘိညာဉ်။