ဒိဋ္ဌိဝိသုဒ္ဓိ

by | Jun 9, 2022 | | 0 comments

နာမရူပပရိစ္ဆေဒဉာဏ် (နမ်ရုပ်တို့ကို ပိုင်းခြား၍ အမှန်အတိုင်း သိမြင်သော ဉာဏ်) သည်ပင်လျှင် အတ္တဒိဋ္ဌိအညစ်အကြေးမှ သန့်ရှင်း စင်ကြယ်သောကြောင့် “ဒိဋ္ဌိဝိသုဒ္ဓိ” မည်၏။ (ဒိဋ္ဌိ= အမြင်၊ အယူ၊ ဝိသုဒ္ဓိ= မှားယွင်းသော အမြင်ဟူသော အညစ်အကြေးမရှိ၊ စင်ကြယ်၏။)

ဒုဂ္ဂတိဘုံ

မကောင်းသော လားရောက်ရာဘုံကို "ဒုဂ္ဂတိဘုံ"ဟု ခေါ်သည်။ (ဒု-မကောင်းသော+ဂတိ-လားရောက်ရာဘုံ။)။တစ်နည်း-မကောင်းမှုရှိသော သူတို့၏ လားရောက်ရာ ဘုံ။(ဒု-မကောင်းသော သူတို့၏+ဂတိ-လားရောက်ရာ...

ဒုက္ခသဟဂုတ်

ဒုက္ခသဟဂုတ် ဟူသော ပုဒ်သည် ဒုက္ခ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဒုက္ခ= ဒုက္ခဝေဒနာနှင့်၊ ဝါ- ဆင်းရဲခြင်းနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု...

ဒါန

စွန့်ကြဲပေးကမ်း လှူဒါန်းမှု။

ဒုစရိုက် ၁၀ ပါး

အကုသိုလ်ကာယကံ ၃ ပါး၊ အကုသိုလ်ဝစီကံ ၄ ပါး၊ အကုသိုလ်မနောကံ ၃ ပါး၊ပေါင်း ၁၀ ပါး။(အကုသိုလ်ကာယကံ ၃ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဒေါမနဿ ၁

စိတ်ဆင်းရဲမှု၊ နှလုံး မသာယာမှုသည် "ဒေါမနဿ" မည်၏။