ဒိဋ္ဌိယောဂ ၁

by | Jun 9, 2022 | ဒ | 0 comments

မှားယွင်းသော အယူ ဟူသော ဒိဋ္ဌိသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့် ဒိဋ္ဌိယောဂ မည်၏။

ဒိဗ္ဗသောတအဘိညာဉ်

နတ်တို့၏ သောတပသာဒကဲ့သို့ ဝေးသောအသံ, တိုးသော အသံကိုလည်း ကြားနိုင်သော အဘိညာဉ်။

ဒိဋ္ဌိဂတသမ္ပယုတ်

ဒိဋ္ဌိဂတသမ္ပယုတ်-ဟူသော ပုဒ်သည် ဒိဋ္ဌိဂတ+သမ္ပယုတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဒိဋ္ဌိဂတ= အယူမှားမှုနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...

ဒွါရရုပ် ၇ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိညတ်ရုပ် ၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။

ဒုစရိုက် ၁၀ ပါး

အကုသိုလ်ကာယကံ ၃ ပါး၊ အကုသိုလ်ဝစီကံ ၄ ပါး၊ အကုသိုလ်မနောကံ ၃ ပါး၊ပေါင်း ၁၀ ပါး။(အကုသိုလ်ကာယကံ ၃ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဒွါရ

ဒွါရသဒ္ဒါသည် "တံခါးပေါက်"ဟူသော အနက်ကို ဟော၏၊ တံခါးပေါက်သည် လူတို့၏ ဝင်လာစရာ ဖြစ်သကဲ့သို့ ထို့အတူ စက္ခုပသာဒ- စသည်တို့သည်လည်း သက်ဆိုင်ရာ ဝီထိစိတ်တို့၏ ဝင်လာစရာ ဖြစ်၏၊ ဤသို့ တံခါးနှင့် တူသောကြောင့် စက္ခုပသာဒ စသည်တို့ကိုလည်း "ဒွါရ" ဟု...

ဒေါမနဿသဟဂုတ်

ဒေါမနဿသဟဂုတ်-ဟူသော ပုဒ်သည် ဒေါမနဿ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသော ပုဒ်ဖြစ်သည်၊ ဒေါမနဿ= ဒေါမနဿဝေဒနာနှင့်၊ ဝါ- နှလုံးမသာယာမှုနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု...