သောတာပတ္တိမဂ်၏ ရှေး ဂေါတြဘုတိုင်အောင် ဖြစ်သင့်သော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီ (ဥပါဒ် ဌီ ဘင် ခဏသုံးပါးနှင့် ပြည့်စုံသော) ပုဂ္ဂိုလ်ကို “တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်”ဟု ခေါ်သည်။ သောတာပတ္တိမဂ်၏ ရှေး ဂေါတြဘုတိုင်အောင် ဟူသည်ကား အရိယာမဖြစ်သေးမီ ကာလအတွင်းဟု ဆိုလိုသည်။
တိဟိတ်ပုဂ္ဂိုလ်
'အလောဘ, အဒေါသ, အမောဟ' ဟိတ် ၃-ပါး ပါရှိသော မဟာဝိပါက် ဉာဏသမ္ပယုတ် ၄-ပါး၊ မဟဂ္ဂုတ်ဝိပါက် ၉-ပါး၊ ဤ၁၃-ပါးသော တိဟိတ်ပဋိသန္ဓေတို့တွင် တစ်ပါးပါးဖြင့် ပဋိသန္ဓေနေသူကို "တိဟိတ်ပုဂ္ဂိုလ်"ဟု...
