တိဟိတ်ပုဂ္ဂိုလ်

by | Jun 9, 2022 | | 0 comments

‘အလောဘ, အဒေါသ, အမောဟ’ ဟိတ် ၃-ပါး ပါရှိသော မဟာဝိပါက် ဉာဏသမ္ပယုတ် ၄-ပါး၊ မဟဂ္ဂုတ်ဝိပါက် ၉-ပါး၊ ဤ၁၃-ပါးသော တိဟိတ်ပဋိသန္ဓေတို့တွင် တစ်ပါးပါးဖြင့် ပဋိသန္ဓေနေသူကို “တိဟိတ်ပုဂ္ဂိုလ်”ဟု ခေါ်သည်။

တတိယဈာန်စိတ်

တတိယဈာန်နှင့် ယှဉ်တွဲ၍ ဖြစ်သော စိတ်ကို တတိယဈာန်စိတ်။

တာဝတိံသာဘုံ

မာဃလုလင်နှင့် အတူ ကုသိုလ်ပြုဖက် သုံးဆယ့်သုံးယောက်သော နတ်တို့ ဖြစ်ရာ ဘုံ။