တိဟိတ်စိတ် ၄၇ ပါး

by | Jun 9, 2022 | | 0 comments

အဟိတ်စိတ်၊ ဧကဟိတ်စိတ်၊ ဒွိဟိတ်စိတ်တို့မှ ကြွင်းသော စိတ်များ၊ (ကာမာဝစရသောဘန ဉာဏသမ္ပယုတ်စိတ် ၁၂ ပါး၊ မဟဂ္ဂုတ်စိတ် ၂၇ ပါး၊ လောကုတ္တရာစိတ် ၈ ပါး၊ပေါင်း ၄၇ ပါး။) (အဟိတ်စိတ်-စသည်ကိုလည်း ရှု။)

တဏှာ ၁

အာရုံကို တပ်မက်ခြင်းသဘော၊ ရေငတ်သောသူ ရေကို တမ်းတသလို သာယာတပ်မက် စွဲလမ်းမှု။

တတိယဈာန်

ပီတိ, သုခ, ဧကဂ္ဂတာ သုံးပါးအစု (သုံးပါးအားလုံးပေါင်း)ကို တတိယဈာန်-ဟု ခေါ်သည်။

တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်

သောတာပတ္တိမဂ်၏ ရှေး ဂေါတြဘုတိုင်အောင် ဖြစ်သင့်သော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီ (ဥပါဒ် ဌီ ဘင် ခဏသုံးပါးနှင့် ပြည့်စုံသော) ပုဂ္ဂိုလ်ကို "တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ သောတာပတ္တိမဂ်၏ ရှေး ဂေါတြဘုတိုင်အောင် ဟူသည်ကား အရိယာမဖြစ်သေးမီ ကာလအတွင်းဟု...

တုသိတာဘုံ

မိမိ၏ ကျက်သရေစည်းစိမ်ဖြင့် နှစ်သက်ကြသော နတ်တို့ ဖြစ်ရာ ဘုံ။