စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ ကပ်၍ ရှုတတ်သော တရား။(ကုသိုလ်အာရုံ၌ ဖြစ်စေ၊ အကုသိုလ်အာရုံ၌ ဖြစ်စေ စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ ကပ်၍ ရှုတတ်သောကြောင့် ဈာန်အမည်ရသည်။ ထို့ကြောင့် အကုသိုလ်အရာ၌ ဒေါမနဿသည်လည်း ဈာနင် ဖြစ်သည်။)
ဈာနင်
ဈာနင်-ဟူသည် ဈာန+အင်္ဂမှ ဆင်းသက်လာသော စကား ဖြစ်သည်၊ ဈာန= ဈာန်၏၊ အင်္ဂ= အင်္ဂါ အစိတ်အပိုင်း-ဟု ဆိုလိုသည်၊ ဈာန်ဟုခေါ်သော တရားအပေါင်း၏ တစ်ခုစီ တစ်ခုစီသော အစိတ်အစိတ် အင်္ဂါများကို "ဈာန်အင်္ဂါ"ဟု ခေါ်သည်။ (ဝိတက် (ကြံစည်ခြင်း) ,ဝိစာရ (သုံးသပ်ခြင်း) ,ပီတိ (နှစ်သက်...
