ဈာနင်-ဟူသည် ဈာန+အင်္ဂမှ ဆင်းသက်လာသော စကား ဖြစ်သည်၊ ဈာန= ဈာန်၏၊ အင်္ဂ= အင်္ဂါ အစိတ်အပိုင်း-ဟု ဆိုလိုသည်၊ ဈာန်ဟုခေါ်သော တရားအပေါင်း၏ တစ်ခုစီ တစ်ခုစီသော အစိတ်အစိတ် အင်္ဂါများကို “ဈာန်အင်္ဂါ”ဟု ခေါ်သည်။ (ဝိတက် (ကြံစည်ခြင်း) ,ဝိစာရ (သုံးသပ်ခြင်း) ,ပီတိ (နှစ်သက် အားရကျေနပ်ခြင်း), ဧကဂ္ဂတာ (တည်ကြည်ခြင်း) သောမနဿ (ဝမ်းမြောက်ခြင်း), ဒေါမနဿ (စိတ်မချမ်းသာခြင်း)၊ ဥပေက္ခာ (လျစ်လျူရှုခြင်း), တစ်ပါးချင်းစီကို ဈာနင်္ဂ=ဈာန်အင်္ဂါ (ဈာန်၏ အစိတ်အပိုင်း)-ဟု ခေါ်သည်။ ဒေါမနဿကား အကုသိုလ်ဈာနင်သက်သက် ဖြစ်သည်။ ကျန်ခြောက်ပါးကား ကုသိုလ် အကုသိုလ် အဗျာကတ သုံးမျိုးနှင့် ဆိုင်သော ဈာနင်များ ဖြစ်ကြသည်။)
ဈာန်အင်္ဂါ
ဈာနင် နှင့် တူသည်။