ဇိဝှါဝိညာဏ်

by | Jun 9, 2022 | | 0 comments

ဇိဝှါဝိညာဏ်-ဟူသော ပုဒ်သည် ဇိဝှါ+ဝိညာဏ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဇိဝှါ= လျှာပေါ်၌ (ဖြစ်ပေါ်လာသော)၊ ဝိညာဏ= စိတ်-ဟု အဓိပ္ပါယ်ရသည်။

ဇာတိ ၂

လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်။

ဇရာမရဏ ၂

လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်တို့၏ ရင့်ခြင်း ဌီခဏနှင့် ပျက်ခြင်းဘင်ခဏ။

ဇရာမရဏ ၁

အိုခြင်းသည် "ဇရာ" မည်၏၊ သေခြင်းသည် "မရဏ" မည်၏။

ဇီဝိတိန္ဒြေ ၁

အတူတကွ ဖြစ်ဖက် ရုပ်နာမ်တရားတို့ကို အစိုးတရ စောင့်ရှောက်တတ်သော သဘောတရား။

ဇိဝှါဝိညာဏဝီထိ

ဇိဝှါဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ဇိဝှါဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ဇိဝှါဒွါရဝီထိစိတ်တို့ပင်...