ဇာတိ ၁

by | Jun 9, 2022 | | 0 comments

ပဋိသန္ဓေနေရခြင်းသည် ဇာတိမည်၏။ ဇာတိဟူသည် ဖြစ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ထိုထိုဘဝ၌ ခန္ဓာကိုယ်အတ္တဘော ရရှိခြင်းကိုပင် ဇာတိ-ဟု ဆိုလိုသည်။

ဇိဝှါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော လျှာ။

ဇီဝိတိန္ဒြေ

ယှဉ်တွဲဖြစ်ဖက် တရားတို့ကို အသက်ရှည်အောင် စောင့်ရှောက်ခြင်းသဘော၊ ယှဉ်တွဲဖြစ်ဖက် တရားတို့ကို...

ဇီဝိတိန္ဒြေ ၁

အတူတကွ ဖြစ်ဖက် ရုပ်နာမ်တရားတို့ကို အစိုးတရ စောင့်ရှောက်တတ်သော သဘောတရား။

ဇိဝှါဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျက်သိစိတ်။

ဇိဝှါပသာဒ

လျှာအကြည်ဓာတ်ကို "ဇိဝှါပသာဒ"ဟု ခေါ်သည်၊ ထိုဇိဝှါပသာဒသည် လျှာ၏အလယ် ကြာပွင့်ဖတ်များနှင့် တူသော အရပ်ကို...