ဇစ္စန္ဓ

by | Sep 9, 2022 | | 0 comments

မျက်စိအကြည်ဓာတ်ကို ဖြစ်စေနိုင်သော ကံ- မရှိသည့်အတွက် ဖြစ်ပေါ်ရမည့်အချိန်မှာ မျက်စိအကြည်ဓာတ် ဖြစ်ပေါ်မှု မရှိသောသူကို “ဇစ္စန္ဓ”ဟု ခေါ်သည်၊ ဖြစ်ပြီးမှ တစ်စုံတစ်ခုသော ဘေးရန်ကြောင့် စက္ခုပျက်စီးရသူကား ‘ဇစ္စန္ဓ’ မဟုတ်ပါ။ (ဇစ္စန္ဓ-ဟူသော ပုဒ်သည် ဇာတိ+အန္ဓ-ဟူသော နှစ်ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။သဒ္ဒါနည်းအရ အဆင့်ဆင့် ပြောင်း၍ ဇစ္စန္ဓ-ဟု ဖြစ်လာသည်။ဇာတိ- ပဋိသန္ဓေအားဖြင့်+ အန္ဓ-ကန်းသူ။ဝါ-သန္ဓေကန်း။)

ဇနက ကံ

'ဝိပါက်စိတ်, စေတသိက်'-ဟူသော နာမ်ခန္ဓာနှင့် ကံ-အကြောင်းခံ၍ ဖြစ်လာရသော ရုပ်ခန္ဓာတို့ကို "အကျိုးတရား"ဟု ခေါ်သည်၊ ယင်းအကျိုးတရားတို့ကို ပဋိသန္ဓေအခါမှာ ဖြစ်စေ၊ ပဝတ္တိအခါမှာ ဖြစ်စေ, အခွင့်သာရာအခါ၌ မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ကံသည် "ဇနက ကံ"...

ဇီဝိတနဝကကလာပ်

ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။

ဇရာမရဏ ၂

လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်တို့၏ ရင့်ခြင်း ဌီခဏနှင့် ပျက်ခြင်းဘင်ခဏ။

ဇိဝှါဝိညာဏ်

ဇိဝှါဝိညာဏ်-ဟူသော ပုဒ်သည် ဇိဝှါ+ဝိညာဏ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဇိဝှါ= လျှာပေါ်၌ (ဖြစ်ပေါ်လာသော)၊ ဝိညာဏ= စိတ်-ဟု...