ဇစ္စန္ဓ

by | Sep 9, 2022 | ဇ | 0 comments

မျက်စိအကြည်ဓာတ်ကို ဖြစ်စေနိုင်သော ကံ- မရှိသည့်အတွက် ဖြစ်ပေါ်ရမည့်အချိန်မှာ မျက်စိအကြည်ဓာတ် ဖြစ်ပေါ်မှု မရှိသောသူကို “ဇစ္စန္ဓ”ဟု ခေါ်သည်၊ ဖြစ်ပြီးမှ တစ်စုံတစ်ခုသော ဘေးရန်ကြောင့် စက္ခုပျက်စီးရသူကား ‘ဇစ္စန္ဓ’ မဟုတ်ပါ။ (ဇစ္စန္ဓ-ဟူသော ပုဒ်သည် ဇာတိ+အန္ဓ-ဟူသော နှစ်ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။သဒ္ဒါနည်းအရ အဆင့်ဆင့် ပြောင်း၍ ဇစ္စန္ဓ-ဟု ဖြစ်လာသည်။ဇာတိ- ပဋိသန္ဓေအားဖြင့်+ အန္ဓ-ကန်းသူ။ဝါ-သန္ဓေကန်း။)

ဇိဝှါဒွါရိကစိတ် ၄၆ ပါး

အကုသိုလ်စိတ် ၁၂ ပါး၊ ဇိဝှါဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဇိဝှါဝိညာဏဝီထိ

ဇိဝှါဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ဇိဝှါဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ဇိဝှါဒွါရဝီထိစိတ်တို့ပင်...

ဇာတိ ၂

လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်။

ဇနက ကံ

'ဝိပါက်စိတ်, စေတသိက်'-ဟူသော နာမ်ခန္ဓာနှင့် ကံ-အကြောင်းခံ၍ ဖြစ်လာရသော ရုပ်ခန္ဓာတို့ကို "အကျိုးတရား"ဟု ခေါ်သည်၊ ယင်းအကျိုးတရားတို့ကို ပဋိသန္ဓေအခါမှာ ဖြစ်စေ၊ ပဝတ္တိအခါမှာ ဖြစ်စေ, အခွင့်သာရာအခါ၌ မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ကံသည် "ဇနက ကံ"...

ဇိဝှါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော လျှာ။

ဇိဝှါဝိညာဏ် ဒွေး ၁

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ဇိဝှါဝိညာဏ် ဒွေးဟူသည် ဇိဝှါဝိညာဏ် ၂ ပါး-ဟု...