စေတနာ

by | Jun 9, 2022 | | 0 comments

ယှဉ်တွဲ ဖြစ်ဖက်တရားတို့ကို အာရုံ၌ လှုံ့ဆော်ခြင်း(စေ့ဆော်ခြင်း)သဘော၊ အာရုံ၌ ကောင်းစွာထားတတ်သော စေတသိက်။

စက္ခုဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော မြင်သိစိတ်။

စက္ခုဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော မျက်စိ။

စိတ္တပါဂုညတာ

စိတ်၏ ကုသိုလ်ကောင်းမှုမှာ ပြွမ်းတီးလေ့လာခြင်းသဘော။

စက္ခုဝိညာဏ် ဒွေး ၂

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ်စက္ခုဝိညာဏ်။