စိတ္တက္ခဏ

by | Jun 9, 2022 | စ | 0 comments

စိတ်၏ ခဏငယ် ၃-ခု အပေါင်းသည် စိတ္တက္ခဏတစ်ခု မည်၏၊

စတုပါရိသုဒ္ဓိသီလ ၄ ပါး

၁။ ပါတိမောက္ခသံဝရသီလ၊ ၂။ ဣန္ဒြိယသံဝရသီလ၊ ၃။ အာဇီဝပါရိသုဒ္ဓိသီလ၊ ၄။ ပစ္စယသန္နိဿိတသီလ။ ဤသီလ ၄ မျိုးကို သီလဝိသုဒ္ဓိ-ဟု ခေါ်သည်။ ရဟန်းတော်များမှာ ဤသီလ ၄-မျိုးလုံး လုံခြုံမှသာ သီလဝိသုဒ္ဓိ ဖြစ်သည်၊ ကမ္မဋ္ဌာန်းတရားကို အားထုတ်တော့မည်ဆိုလျှင် လူဝတ်ကြောင် စသည်တို့မှာလည်း...

စိတ္တုပ္ပါဒ်

စိတ်နှင့် စေတသိက်။ပါဠိ-စိတ္တုပ္ပါဒ၊စိတ္တ+ဥပ္ပါဒ=စိတ်+(ထိုစိတ်ကို)ဖြစ်စေတတ်သော (စေတသိက်)

စတုဓာတုဝဝတ္ထာန်

ခန္ဓာကိုယ်၌ "ပထဝီ, အာပေါ, တေဇော, ဝါယော"ဟူသော ဓာတ်ကြီး ၄-ပါးကို ပိုင်းခြားတတ်သော ဉာဏ်သည် "စတုဓာတုဝဝတ္ထာန်"...

စက္ခုဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော မြင်သိစိတ်။

စက္ခုဝိညာဏ် ဒွေး ၂

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ်စက္ခုဝိညာဏ်။