စိန်ရတနာ ဆရာတော် ဘဒ္ဒန္တ သာသနဝရ၏ ထေရုပ္ပတ္တိ

by | Nov 30, 2022 | About Dictionary | 0 comments


ဘဒ္ဒန္တ သာသနဝရ (စိန်ရတနာ ဆရာတော်)

ဆရာတော်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ မြို့နယ်၊ ကံတော်ရွာဇာတိ ဖြစ်သည်။ ၁၃၂၇-ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈-ရက်(၂၀၊၈၊၁၉၆၅)၊သောကြာနေ့တွင် ဖွားမြင်တော်မူသည်။ ခမည်းတော် ဦးဉာဏ်ထွန်း၊ မယ်တော် ဒေါ်ရှိန်တို့ ဖြစ်သည်။ ဆရာတော် လောင်းလျာသည် အသက် ၁၄-နှစ်အရွယ်တွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ ၁၃၄၇-ခုနှစ်တွင် မြင်းခြံမြို့နယ်၊ ကံတော်ရွာ၊ထန်းပင်ခြံကျောင်းဆရာတော် ဘဒ္ဒန္တ တေဇနိယကို ဥပဇ္ဈာယ်ပြု၍ ကံတော်ရွာ ဦးသာဇံ+ဒေါ်စန်းရီတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။

ဆရာတော်သည် မြင်းခြံမြို့နယ်၊ ကံတော်ရွာ၊ ထန်းပင်ခြံကျောင်းဆရာတော်နှင့် မြောင်းမြမြို့၊တိုက်သစ်ပဇ္ဇောတာရုံစာသင်တိုက် ဆရာတော်တို့ထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့သည်။ အစိုးရ ပထမငယ်၊ ပထမလတ်နှင့် ပထမကြီးတန်းတို့ကို ပါဠိဘာသာဖြင့် အောင်မြင်တော်မူခဲ့သည်။ ၁၃၅၀-ပြည့် နှစ်တွင် ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူခဲ့သည်။ ၁၉၉၇-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ဗုဒ္ဓဘာသာ ပါဠိတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိတော်မူခဲ့သည်။

ဆရာတော် ရေးသားပြုစုခဲ့သော ကျမ်းစာအုပ်များ-

၁။ အနှိုင်းမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့တရားတော်များ(မူလပဏ္ဏာသ)
၂။ အနှိုင်းမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့တရားတော်များ(ဥပရိပဏ္ဏာသ)
၃။ သဒ္ဒါ့အုတ်မြစ်
၄။ စိန်ရတနာ ပါဠိသင်နည်း(၁)
၅။ သိမှတ်ဖွယ်ရာ ဗုဒ္ဓဝင်နှင့် ဓမ္မစကြာ
၆။ မိဘမေတ္တာ
၇။ မဟာသမယသုတ္တန်လင်္ကာများ
၈။ ဗုဒ္ဓ၏ ပုံတော်နှင့် ဂုဏ်တော်
၉။ ပိဋကဝိနိစ္ဆယကထာ
၁၀။ ပိဋကမြန်မာပြန်လမ်းညွှန်(အကြောင်းအရာအက္ခရာစဉ်)
၁၁။ ပိဋကမြန်မာပြန်လမ်းညွှန်(သုတ္တန်အက္ခရာစဉ်)
၁၂။ ပရိတ်တော်အဓိပ္ပါယ် ကြည်ညိုဖွယ်
၁၃။ ဓမ္မပဒအဋ္ဌကထာနိဿယသစ်(ပထမတွဲ)
၁၄။ ဓမ္မပဒအဋ္ဌကထာနိဿယသစ်(ဒုတိယတွဲ)
၁၅။ ပဋ္ဌာန်းလင်္ကာများ
၁၆။ ပိဋကသုံးပုံ အနှစ်ချုပ်ကျမ်းစာ (ပထမတွဲ)
၁၇။ ပိဋကသုံးပုံ သရုပ်စုံအဘိဓာန်(အကျဉ်း)
၁၈။ မူကြိုပါဠိသင်နည်း
၁၉။ ဝေဿန္တရာဇာတ်တော်(အနှစ်ချုပ်မြန်မာပြန်)
၂၀။ အဖွဲ့အစည်းပြုစုပျိုးထောင်နည်း
၂၁။ ဗုဒ္ဓစကား

ဆရာတော် တည်ထောင်သည့် ဓမ္မဗိမာန်အဖွဲ့ ရေးသား ပြုစု ထုတ်ဝေခဲ့သော ကျမ်းစာအုပ်များ-

၁။ ဂါထာသူစိ
၂။ KHANDHA (THE AGGREGATES) AND THEIR NATURE)
၃။ WHAT BUDDHISM HAS TO OFFER TO THE WORLD)
၄။ အဋ္ဌသာလိနီစည်းမျဉ်းရောင်ခြည်
၅။ ဒီဃနိကာယ်သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာမြန်မာပြန်
၆။ ဒီဃနိကာယ်မဟာဝဂ္ဂအဋ္ဌကထာမြန်မာပြန်
၇။ ဒီဃနိကာယ် ပါထိကဝဂ္ဂအဋ္ဌကထာမြန်မာပြန်
၈။ ဗုဒ္ဓဘာသာအရေး ဓမ္မဒဿနအတွေးအမြင်များ
၉။ ပိဋကတ်ဝတ္ထုလမ်းညွှန်
၁၀။ ပိဋကတ်သုံးပုံ သရုပ်စုံ အဘိဓာန်
၁၁။ ဗုဒ္ဓညွှန်ပြ အလှကမ္ဘာ
၁၂။ ဘာသာဋီကာလမ်းညွှန်
၁၃။ မြန်မာနိုင်ငံနှင့် ဗုဒ္ဓသာသနာတော်
၁၄။ သီလက္ခန်စည်းမျဉ်းအဖြေ
၁၅။ ဣတိဝုတ်ပါဠိတော်နိဿယသစ်
၁၆။ ဥဒါန်းပါဠိတော်နိဿယသစ်
၁၇။ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင်
၁၈။ နေတ္တိအဋ္ဌကထာနိဿယ (ပထမတွဲ)
၁၉။ နေတ္တိအဋ္ဌကထာနိဿယ (ဒုတိယတွဲ)
၂၀။ သုတ်မဟာဝါဋီကာနိဿယ(ပထမတွဲ)
၂၁။ သုတ်မဟာဝါဋီကာနိဿယ(ဒုတိယတွဲ)
၂၂။ စူဠဂန္ထဝံသနှင့် လေ့လာစိစစ်ချက် စာတမ်း
၂၃။ ဇာတ်အဋ္ဌကထာနိဿယ (ဧကကနိပါတ် ၁ မှ ၂၇၉ ထိ)
၂၄။ ဇာတ်အဋ္ဌကထာနိဿယ (ဧကကနိပါတ် ၂၇၉ မှ ၅၃၈ ထိ)
၂၅။ ဇာတ်အဋ္ဌကထာနိဿယ(ဒုကနိပါတ်)
၂၆။ ဇာတ်အဋ္ဌကထာနိဿယ(တိကနိပါတ်)
၂၇။ ဇာတ်အဋ္ဌကထာနိဿယ (ဒသကနိပါတ် မှ တေရသကနိပါတ်ထိ)
၂၈။ ဇာတ်အဋ္ဌကထာနိဿယ (ပကိဏ္ဏကနှင့် ဝီတတိနိပါတ်)(ဇာ၊ဋ္ဌ၊၄၊ ၂၇၆ မှ ၅၀၄ အထိ)
၂၉။ ဇာတ်အဋ္ဌကထာနိဿယ(တိံသနိပါတ်မှ ပဏ္ဏာသနိပါတ်ထိ)
၃၀။ ဇာတ်အဋ္ဌကထာနိဿယ (သဋ္ဌိနိပါတ် နှင့် သတ္တတိနိပါတ်)
၃၁။ ဇာတ်အဋ္ဌကထာနိဿယ (အသီတိ)
၃၂။ ဗုဒ္ဓဝံသအဋ္ဌကထာနိဿယ(ပထမတွဲ)
၃၃။ ဗုဒ္ဓဝံသအဋ္ဌကထာနိဿယ(ဒုတိယတွဲ)

ဆရာတော် တည်ထောင်သည့် ဗုဒ္ဓစေတမန်အဖွဲ့ ၏ ဒီဂျစ်တယ်လုပ်ငန်းများ

ကွန်ပျူတာသုံးဆော့ဝဲ

၁။ ပိဋကသုံးပုံ ပါဠိတော်နိဿယအစုံ
၂။ ဝိနယပိဋက
၃။ တိပိဋက ပါဠိ မြန်မာအဘိဓာန်

PDF များ

၁။ ပိဋကသုံးပုံ အဋ္ဌကထာ ဋီကာနိဿယအစုံ
၂။ ဆရာတော်အရှင်ဇနကာဘိဝံသ၏ ကျမ်းစာများ

iPad ဆော့ဝဲလ်

၁။ ဆဋ္ဌသံဂါယနာ ပိဋကသုံးပုံ

PDF များ

၂။ ပါဠိတော် နိဿယ
၃။ အဋ္ဌကထာနှင့် ဋီကာနိဿယများ
၄။ ဆရာတော်အရှင်ဇနကာဘိဝံသ၏ ကျမ်းစာများ
၅။ ဘာသာဋီကာလမ်းညွှန်
၆။ ပိဋကသုံးပုံ ပါဠိတော်မြန်မာပြန်
၇။ တိပိဋက ပါဠိ မြန်မာအဘိဓာန်
၈။ မဟာဗုဒ္ဓဝင်

ယခုအခါ ဆရာတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊မြို့မကျောင်းလမ်း၊စိန်ရတနာ ဓမ္မာစရိယ စာသင်တိုက် ပဓာန နာယက ဆရာတော်အဖြစ်ဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

 

ကျွန်ုပ်တို့အကြောင်း

အဘိဓမ္မာ အဘိဓါန် ဖြစ်ပေါ်လာပုံ ၂၀၂၁ ခုနှစ် အတွင်းက ဖြစ်ပါသည်။ ကျွန်ုပ်သည် ဗုဒ္ဓစာပေနှင့် ပတ်သက်၍ ယခင် သိထားပြီးသား အသိထက် ပိုမိုသိလိုစိတ်များ ပြင်းပြနေသဖြင့် ဗုဒ္ဓ စာပေးများ ရောင်းချရာ ရွှေတိဂုံ တောင်ဘက်မုခ် စောင်းတန်းတွင် စာအုပ်အသစ်များ ဝယ်ယူရန် ကြိုးပမ်းလေသည်။...

အလှူရှင်မော်ကွန်း

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်များကို မြန်မာဘာသာဖြင့် နားလည်သဘောပေါက်ကြစေရန်အတွက် အဘိဓမ္မာ အဘိဓာန် ဖြစ်မြောက်စေရန် အောက်ဖော်ပြပါ အလှူရှင်များမှ စိတ်ကောင်းစေတနာမွန်ဖြင့်...