မျက်စိအကြည်ဓာတ်ကို “စက္ခုပသာဒ”ဟု ခေါ်သည်၊ ထိုစက္ခုပသာဒသည် မျက်လုံးအတွင်း မျက်နက်ဝန်းအလယ် သူငယ်ရိပ်ထင်ရာ အရပ်၌ ပျံ့နံှ့လျက် ဖြစ်,ပျက် တည်ရှိနေသည်။
စိတ္တဇရုပ် ၁၅ ပါး
ဝိညတ်ရုပ် ၂၊ သဒ္ဒရုပ် ၁၊ လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါးနှင့် အာကာသဓာတ် ၁ပါး၊ပေါင်း ၁၅ ပါး။ (ဝိညတ်ရုပ် ၂-စသည်တို့ကို ဆိုင်ရာ ခေါင်းစဉ်၌...
