မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော မျက်စိ။
စိတ္တဇကလာပ် ၆ စည်း
၁။သုဒ္ဓဋ္ဌကကလာပ်၊၂။ကာယဝိညတ္တိနဝကကလာပ်၊ ၃။ဝစီဝိညတ္တိဒသကကလာပ်၊ ၄။လဟုတာဒေကာဒသကကလာပ်၊၅။ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်၊ ၆။ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ်။ (စိတ်ကြောင့်ဖြစ်သော ရုပ် ၁၅ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ ထိုသုဒ္ဓဋ္ဌကကလာပ်ကို ကာယဝိညတ်နှင့်...
