ဂေါစရရုပ် ၇-ပါး

by | Jun 9, 2022 | ဂ | 0 comments

၁။ ရူပါရုံ၊ ၂။ သဒ္ဒါရုံ၊ ၃။ ဂန္ဓာရုံ၊ ။၄။ ရသာရုံ၊ ၅၊ ၆၊ ၇။ “ပထဝီ, တေဇော, ဝါယော”ဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ။ (ရူပါရုံ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဂတိနိမိတ်

လားရောက်ရမည့် ဘဝ၌ တွေ့ကြုံရမည့် အာရုံဟူသမျှကို "ဂတိနိမိတ်"ဟု ခေါ်သည် (ဂတိ- လားရာဂတိ၌ + နိမိတ္တ- တွေ့ကြုံထိုက်သော...

ဂန္ဓာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အနံ့။

ဂန္ဓဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အနံ့။

ဂေါတြဘု ၁

ဂေါတြဘု-ဟူသည် ကာမအနွယ်ကို လွှမ်းမိုးတတ်သော၊ ပုထုဇဉ်အနွယ်ကို ဖြတ်တတ်သော စိတ် ဖြစ်သည်။