ဂေါစရဂ္ဂါဟကရုပ်

by | Jun 9, 2022 | ဂ | 0 comments

အာရုံကို ယူတတ်သော ရုပ်များ။ (အာရုံကို ယူတတ်သောကြောင့် ပသာဒရုပ် ၅-ပါးကိုပင် “ဂေါစရဂ္ဂါဟကရုပ်”ဟု ခေါ်သည်၊ သို့သော် ရုပ်သည်ကား အာရုံကိုမယူတတ်ပါ၊ စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ အာရုံကို ယူတတ်၏။ ထို့ကြောင့် စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ မုချအားဖြင့် ဂေါစရဂ္ဂါဟကဟု အမည်ရနိုင်သည်။ ပသာဒရုပ်တို့ကား ဌာနျူပစာအားဖြင့်သာ ဂေါစရဂ္ဂါဟက(အာရုံကိုယူတတ်သော ရုပ်)ဟု အမည်ရပါသည်။

ဂန္ဓာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အနံ့။

ဂေါတြဘု ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။