ဂေါစရဂ္ဂါဟကရုပ်

by | Jun 9, 2022 | | 0 comments

အာရုံကို ယူတတ်သော ရုပ်များ။ (အာရုံကို ယူတတ်သောကြောင့် ပသာဒရုပ် ၅-ပါးကိုပင် “ဂေါစရဂ္ဂါဟကရုပ်”ဟု ခေါ်သည်၊ သို့သော် ရုပ်သည်ကား အာရုံကိုမယူတတ်ပါ၊ စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ အာရုံကို ယူတတ်၏။ ထို့ကြောင့် စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ မုချအားဖြင့် ဂေါစရဂ္ဂါဟကဟု အမည်ရနိုင်သည်။ ပသာဒရုပ်တို့ကား ဌာနျူပစာအားဖြင့်သာ ဂေါစရဂ္ဂါဟက(အာရုံကိုယူတတ်သော ရုပ်)ဟု အမည်ရပါသည်။

ဂတိနိမိတ်

လားရောက်ရမည့် ဘဝ၌ တွေ့ကြုံရမည့် အာရုံဟူသမျှကို "ဂတိနိမိတ်"ဟု ခေါ်သည် (ဂတိ- လားရာဂတိ၌ + နိမိတ္တ- တွေ့ကြုံထိုက်သော...

ဂေါစရရုပ် ၇-ပါး

၁။ ရူပါရုံ၊ ၂။ သဒ္ဒါရုံ၊ ၃။ ဂန္ဓာရုံ၊ ။၄။ ရသာရုံ၊ ၅၊ ၆၊ ၇။ "ပထဝီ, တေဇော, ဝါယော"ဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ။ (ရူပါရုံ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဂန္ထ

သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သော တရား။ (သံကွင်းချင်းဆက်၍ ဖွဲ့နှောင်ထား သကဲ့သို့ သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ...