ဥပါဒိန္နရုပ် ၁

by | Jun 9, 2022 | ဥ | 0 comments

“ငါ၏ အကျိုး”ဟု ကံ၏ စွဲယူခြင်းခံရသော, ကံ၏ အကျိုးဖြစ်သော ရုပ်ကို “ဥပါဒိန္နရုပ်”ဟု ခေါ်သည်၊ (ဥပ-တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော လောကီကုသိုလ်, အကုသိုလ်ကံက+အာဒိန္န-ငါ၏အကျိုးဟု စွဲယူခြင်းခံရသော ရုပ်။)

ဥတုဇကလာပ် ၄ စည်း

၁။သုဒ္ဓဋ္ဌကကလာပ်၊၂။ သဒ္ဒနဝကကလာပ်၊ ၃။လဟုတာဒေကာဒသကကလာပ်၊ ၄။သဒ္ဒလဟုတာဒိဒွါဒသကကလာပ်။( ဥတုဇကလာပ် ၄ စည်းဥတုဇရုပ် ၁၃ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ သဒ္ဒရုပ်နှင့် ပေါင်းစည်းသော် သဒ္ဒနဝကကလာပ်ဟု ခေါ်သည်။ လဟုတာစသော ၃ ပါးနှင့် ပေါင်းစည်းသော်...

ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ၁

စိတ်ကို မငြိမ်သက်အောင်ပြုတတ်သော ဥဒ္ဓစ္စကုက္ကုစ္စသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ...

ဥပဘောဂဂတိနိမိတ်

ထိုထိုဘုံဘဝ၌ တွေ့ကြုံရမည့် အတွင်း, အပ အသုံးအဆောင် အခြံအရံများကို "ဥပဘောဂ"ဟု ခေါ်သည်၊ ခွေး, ကျီး, ငရဲမီးလျှံ, နတ်သီ္မး, နတ်သား, ပဒေသာပင် -...

ဥပါဒါရုပ်

မဟာဘုတ် ၄-ပါးကို မှီ၍ ဖြစ်သော ရုပ်ကို "ဥပါဒါရုပ်"ဟု ခေါ်သည်၊ ဤဥပါဒါရုပ်သည် မဟာဘုတ်ကို ခြယ်လှယ် အမွှမ်းတင်သော...