ထိုထိုဘုံဘဝ၌ တွေ့ကြုံရမည့် အတွင်း, အပ အသုံးအဆောင် အခြံအရံများကို “ဥပဘောဂ”ဟု ခေါ်သည်၊ ခွေး, ကျီး, ငရဲမီးလျှံ, နတ်သီ္မး, နတ်သား, ပဒေသာပင် – စသည်တို့တည်း။
ဥပစယ
ပဋိသန္ဓေတည်နေစ၌ ပထမဖြစ်ခြင်း၊ ထို့နောက် တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း (ဥပ-အစ၌၊ဝါ- အထက်၌+စယ- ဖြစ်ခြင်း)သည် ဥပစယ...
