ဥပဘောဂဂတိနိမိတ်

by | Jun 9, 2022 | | 0 comments

ထိုထိုဘုံဘဝ၌ တွေ့ကြုံရမည့် အတွင်း, အပ အသုံးအဆောင် အခြံအရံများကို “ဥပဘောဂ”ဟု ခေါ်သည်၊ ခွေး, ကျီး, ငရဲမီးလျှံ, နတ်သီ္မး, နတ်သား, ပဒေသာပင် – စသည်တို့တည်း။

ဥပပတ္တိဘဝ ၁

ဘဝပစ္စယာ ဇာတိဟူရာ၌ ဇာတိ၏အကြောင်းဖြစ်သော ဘဝသည် ဥပပတ္တိဘဝ ဖြစ်သည်။ အကြောင်းကံကြောင့် ဖြစ်ရသော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များကို ဥပပတ္တိဘဝ-ဟု ခေါ်သည်၊ ယခုဘဝ ကုသိုလ်အကုသိုလ်ကံကြောင့် နောက်ဘဝ၌ ဖြစ်ရသော အကျိုးဝိပါက်များပင်...

ဥပစာ ၁

ဥပစာ-ဟူသည် ဈာန်၏အနီး၌ဖြစ်သော စိတ် ဖြစ်သည်၊ အပ္ပနာဟူသော ဈာန်၏ အနီး၌ ဖြစ်တတ်သော စိတ်သည် ဥပစာမည်၏။

ဥပါဒါရုပ်

မဟာဘုတ် ၄-ပါးကို မှီ၍ ဖြစ်သော ရုပ်ကို "ဥပါဒါရုပ်"ဟု ခေါ်သည်၊ ဤဥပါဒါရုပ်သည် မဟာဘုတ်ကို ခြယ်လှယ် အမွှမ်းတင်သော...

ဥဒယဗ္ဗယဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော...