ဥပစာရသမာဓိ

by | Jun 9, 2022 | | 0 comments

ဥပစာရဘာဝနာကို “ဥပစာရသမာဓိ”ဟု ခေါ်သည်။

ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ၁

စိတ်ကို မငြိမ်သက်အောင်ပြုတတ်သော ဥဒ္ဓစ္စကုက္ကုစ္စသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ...

ဥတုဇရုပ်

ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် "အအေးငွေ့, အပူငွေ့"ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ...

ဥပတ္ထမ္ဘက ကံ

ကိုယ်တိုင်ကား အကျိုးမပေးနိုင်၊ သို့သော် တစ်ပါးသော ကံ အကျိုးပေးခွင့် ရအောင်, အကျိုးပေးခွင့် ရနေပြန်လျှင်လည်း အကျိုးပေး သန်မာကြီးထွားလာအောင်, အကျိုးပေးပြီးသည့် အခါမှာလည်း အကျိုးတရားများ ရှည်ကြာအောင် သင့်လျော်လျောက်ပတ်စွာ ကူညီထောက်မတတ်သော ကံသည် "ဥပတ္ထမ္ဘက ကံ"...

ဥတုဇရုပ် ၁၃ ပါး

သဒ္ဒရုပ် ၁၊ လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၃ ပါး။

ဥပါဒိန္နရုပ် ၁

"ငါ၏ အကျိုး"ဟု ကံ၏ စွဲယူခြင်းခံရသော, ကံ၏ အကျိုးဖြစ်သော ရုပ်ကို "ဥပါဒိန္နရုပ်"ဟု ခေါ်သည်၊ (ဥပ-တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော လောကီကုသိုလ်, အကုသိုလ်ကံက+အာဒိန္န-ငါ၏အကျိုးဟု စွဲယူခြင်းခံရသော...