ပဋိသန္ဓေတည်နေစ၌ ပထမဖြစ်ခြင်း၊ ထို့နောက် တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း (ဥပ-အစ၌၊ဝါ- အထက်၌+စယ- ဖြစ်ခြင်း)သည် ဥပစယ မည်၏။
ဥပါဒိန္နရုပ် ၂
ကမ္မဇရုပ်ပင် ဖြစ်သည်။
ပဋိသန္ဓေတည်နေစ၌ ပထမဖြစ်ခြင်း၊ ထို့နောက် တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း (ဥပ-အစ၌၊ဝါ- အထက်၌+စယ- ဖြစ်ခြင်း)သည် ဥပစယ မည်၏။
ကမ္မဇရုပ်ပင် ဖြစ်သည်။
အားကြီးသော အကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
ဒေါသမူဒွေး၌ယှဉ်သော ဒေါသစေတသိက်။
ဥပစာရ= ဈာန် မဂ် ဖိုလ်တို့၏ အနီး၌ ဖြစ်သော၊ သမာဓိ= တည်ကြည်သော၊ ဇော-ဇောစိတ်များ။
ဘဝပစ္စယာ ဇာတိဟူရာ၌ ဇာတိ၏အကြောင်းဖြစ်သော ဘဝသည် ဥပပတ္တိဘဝ ဖြစ်သည်။ အကြောင်းကံကြောင့် ဖြစ်ရသော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များကို ဥပပတ္တိဘဝ-ဟု ခေါ်သည်၊ ယခုဘဝ ကုသိုလ်အကုသိုလ်ကံကြောင့် နောက်ဘဝ၌ ဖြစ်ရသော အကျိုးဝိပါက်များပင်...
ဥဒ္ဓစ္စ၊ ကုက္ကုစ္စ။