ဥပဃာတက ကံ

by | Jun 9, 2022 | ဥ | 0 comments

ကပ်၍ နှိပ်စက်ရုံမျှမက တစ်ပါးသော ကံကို လုံးဝ အကျိုးမပေးနိုင်အောင်, ပေးပြီးသော အကျိုးများကိုလည်း ပြတ်စဲသွားအောင် သတ်ဖြတ်သကဲ့သို့ ဖြတ်တောက်တတ်သော ကံသည် “ဥပဃာတက ကံ” မည်၏။

ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ၁

စိတ်ကို မငြိမ်သက်အောင်ပြုတတ်သော ဥဒ္ဓစ္စကုက္ကုစ္စသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ...

ဥပါဒ်ခဏ

စိတ်-စသော ပရမတ္ထတရားတစ်ခုခု၏ ပထမဦးဆုံးစ၍ ဖြစ်ပေါ်လာရာကာလကို ဥပါဒ်ခဏဟု ခေါ်သည်။

ဥပါဒိန္နရုပ် ၁

"ငါ၏ အကျိုး"ဟု ကံ၏ စွဲယူခြင်းခံရသော, ကံ၏ အကျိုးဖြစ်သော ရုပ်ကို "ဥပါဒိန္နရုပ်"ဟု ခေါ်သည်၊ (ဥပ-တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော လောကီကုသိုလ်, အကုသိုလ်ကံက+အာဒိန္န-ငါ၏အကျိုးဟု စွဲယူခြင်းခံရသော...