ဥပဃာတက ကံ

by | Jun 9, 2022 | | 0 comments

ကပ်၍ နှိပ်စက်ရုံမျှမက တစ်ပါးသော ကံကို လုံးဝ အကျိုးမပေးနိုင်အောင်, ပေးပြီးသော အကျိုးများကိုလည်း ပြတ်စဲသွားအောင် သတ်ဖြတ်သကဲ့သို့ ဖြတ်တောက်တတ်သော ကံသည် “ဥပဃာတက ကံ” မည်၏။

ဥတုဇရုပ်

ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် "အအေးငွေ့, အပူငွေ့"ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ...

ဥပပီဠက ကံ

တစ်ပါးသော ကံကို အကျိုးပေးခွင့်မရအောင်, အကျိုးပေးခွင့် ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင် သိမ်ဖျင်းအောင်, ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုး မတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံသည် "ဥပပီဠက ကံ"...

ဥဒ္ဓစ္စသမ္ပယုတ်

ဥဒ္ဓစ္စသမ္ပယုတ်-ဟူသော ပုဒ်သည် ဥဒ္ဓစ္စ+သမ္ပယုတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဥဒ္ဓစ္စသမ္ပယုတ်ဟူသည် ဥဒ္ဓစ္စ= ပျံ့လွင့်ခြင်းနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...