ဥဒ္ဓစ္စသံယောဇဉ် ၁

by | Jun 9, 2022 | | 0 comments

မတည်ငြိမ် ပျံ့လွင့်ခြင်းသဘောရှိသော ဥဒ္ဓစ္စသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဥဒ္ဓစ္စသံယောဇဉ် မည်၏။

ဥပကရဏဘူတကမ္မနိမိတ်

ကံပြီးမြောက်ဖို့ရာ အခြံအရံမျှသာဖြစ်သော အပဓာနအာရုံသည် "ဥပကရဏဘူတကမ္မနိမိတ်" မည်၏။

ဥပဃာတက ကံ

ကပ်၍ နှိပ်စက်ရုံမျှမက တစ်ပါးသော ကံကို လုံးဝ အကျိုးမပေးနိုင်အောင်, ပေးပြီးသော အကျိုးများကိုလည်း ပြတ်စဲသွားအောင် သတ်ဖြတ်သကဲ့သို့ ဖြတ်တောက်တတ်သော ကံသည် "ဥပဃာတက ကံ"...

ဥပစယ

ပဋိသန္ဓေတည်နေစ၌ ပထမဖြစ်ခြင်း၊ ထို့နောက် တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း (ဥပ-အစ၌၊ဝါ- အထက်၌+စယ- ဖြစ်ခြင်း)သည် ဥပစယ...

ဥပသမာနုဿတိ

သင်္ခါရအားလုံး ငြိမ်းရာနိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဥပသမာနုဿတိ မည်၏၊ နိဗ္ဗာန်ကို အာရုံပြု အမှတ်ရနေမှု...