အာဟာရရုပ်

by | Jun 9, 2022 | အ | 0 comments

အလုတ်အလွေး ပြုအပ်သော အစာအာဟာရသည် “အာဟာရရုပ်”မည်၏၊ ထိုအစားအစာများ၌ ပါဝင်သော အဆီအနှစ်အစေး (ဗီတာမင် ဓာတ်မျိုး)ကိုသာ “အာဟာရရုပ်”ဟု ခေါ်သည်၊ ၎င်းအာဟာရရုပ်ကိုပင် “ဩဇာ”ဟုလည်း ခေါ်ကြသည်။ ဣန္ဒြိယရုပ် ရှစ်ခုနှင့် တကွဖြစ်သော ရုပ်အပေါင်းကို ခိုင်စေခြင်းလက္ခဏာရှိ၏။

အကုသိုလ်ဝစီကံ ၄ ပါး

၁။ မုသာဝါဒ၊ ၂။ ပိသုဏဝါစာ၊ ၃။ ဖရုသဝါစာ၊ ၄။ သမ္ဖပ္ပလာပ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

အပ္ပမညာကမ္မဋ္ဌာန်း

ဤမျှသော သတ္တဝါကိုသာ အာရုံပြုသည်၊ ဤမျှသော သတ္တဝါကို အာရုံမပြု၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို အာရုံပြုသည့်အခါမှာလည်း အထက်ပိုင်းကိုသာ အာရုံပြုသည်၊ အောက်ပိုင်းကို အာရုံမပြု၊ ဤသို့ စသည်ဖြင့် အရေအတွက်အားဖြင့်လည်း ပိုင်းခြားကန့်သတ်မှု မရှိ၊ ကိုယ်လက်အင်္ဂါ...

အဘိဓမ္မာ

ဝိနည်းပိဋက နှင့် သုတ္တန်ပိဋကတို့ထက် ထူးကဲသော တရား(အဘိ-ထူးကဲသော၊ဓမ္မ-တရား)

အပစာယန

အသက်, သိက္ခာ, ဂုဏ်ကြီးသူတို့အား အရိုအသေပြုမှု(လေးစားမှု)။

အာယတန

စိတ်, စေတသိက်တို့၏ ဖြစ်ကြောင်းတရား။