အလုတ်အလွေး ပြုအပ်သော အစာအာဟာရသည် “အာဟာရရုပ်”မည်၏၊ ထိုအစားအစာများ၌ ပါဝင်သော အဆီအနှစ်အစေး (ဗီတာမင် ဓာတ်မျိုး)ကိုသာ “အာဟာရရုပ်”ဟု ခေါ်သည်၊ ၎င်းအာဟာရရုပ်ကိုပင် “ဩဇာ”ဟုလည်း ခေါ်ကြသည်။ ဣန္ဒြိယရုပ် ရှစ်ခုနှင့် တကွဖြစ်သော ရုပ်အပေါင်းကို ခိုင်စေခြင်းလက္ခဏာရှိ၏။
အဝိဇ္ဇာသံယောဇဉ် ၁
ဉာဏ်၏ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အဝိဇ္ဇာသံယောဇဉ်...