အာရုပ္ပကမ္မဋ္ဌာန်း ၄ ပါး

by | Jun 9, 2022 | | 0 comments

အာကာသာနဉ္စာယတန-စသော ၄ ပါးတို့သည် ရုပ်၏ ဆန့်ကျင်ဘက်အာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသောကြောင့် အာရုပ္ပ(အာရမ္မဏိက)ကမ္မဋ္ဌာန်း မည်၏။ “ကောင်းကင်ပညတ်(ကောင်းကင်ဟူသော သတ်မှတ်ချက်), ပထမာရုပ္ပဝိညာဉ်, နတ္ထိဘောပညတ်(မရှိခြင်းဟူသော သတ်မှတ်ချက်), တတိယာရုပ္ပဝိညာဉ်”အားဖြင့် အရူပါဝစရဈာန်၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း ၄-ပါးသည် အာရုပ္ပ(အာရုံ)ကမ္မဋ္ဌာန်းမည်၏။

အဟိတ်ကြိယာစိတ် ၃ ပါး

၁။ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ ၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်၊ ၃။သောမနဿသဟဂုတ်...

အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အရဟတ္တမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

အဒေါသ

မခက်ထန် မကြမ်းတမ်းခြင်းသဘော။