အာရုပ္ပကမ္မဋ္ဌာန်း ၄ ပါး

by | Jun 9, 2022 | အ | 0 comments

အာကာသာနဉ္စာယတန-စသော ၄ ပါးတို့သည် ရုပ်၏ ဆန့်ကျင်ဘက်အာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသောကြောင့် အာရုပ္ပ(အာရမ္မဏိက)ကမ္မဋ္ဌာန်း မည်၏။ “ကောင်းကင်ပညတ်(ကောင်းကင်ဟူသော သတ်မှတ်ချက်), ပထမာရုပ္ပဝိညာဉ်, နတ္ထိဘောပညတ်(မရှိခြင်းဟူသော သတ်မှတ်ချက်), တတိယာရုပ္ပဝိညာဉ်”အားဖြင့် အရူပါဝစရဈာန်၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း ၄-ပါးသည် အာရုပ္ပ(အာရုံ)ကမ္မဋ္ဌာန်းမည်၏။

အရူပရာဂသံယောဇဉ် ၁

အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို "အရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အရူပရာဂသံယောဇဉ်...

အသုဘ

"အသုဘ"သဒ္ဒါသည် "မတင့်မတယ်"ဟူသော အနက်ကို ဟောသည်၊ ဤနေရာ၌ကား သေပြီးသည့်နောက် ကိုယ်ခန္ဓာနှင့် စပ်၍ အမျိုးမျိုး ပေါ်ပေါက်လာတတ်သော မတင့်တယ်သော ပုံပန်းသဏ္ဌာန်အမျိုးမျိုးကို "အသုဘ"ဟု...

အာကာသာနဉ္စာယတနဘုံ

အာကာသာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...

အဝတ္ထုရုပ်

စိတ်, စေတသိက်တို့၏ မှီရာ မဟုတ်သော ရုပ်များ။