ခန္ဓ သဒ္ဒါသည် အပေါင်းအစု ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် အတိတ်, အနာဂတ်- စသောအားဖြင့် (ညာဏ်ဖြင့်)ပေါင်းစုထားသော ရုပ်-အစရှိသည်တို့ကို ‘ခန္ဓာ’ ခေါ်သည်။ (တစ်နည်း အားဖြင့် မင်း၏ စည်းစိမ်ဥစ္စာအစု-ဟု ဆိုရာ၌ စည်းစိမ်ဥစ္စာများ တခြားစီ ကွဲနေကြသော်လည်း စည်းစိမ်ဥစ္စာအများကို စည်းစိမ်ဥစ္စာအစု-ဟု ခေါ်ရသကဲ့သို့, လူများ တခြားစီ ကွဲနေကြသော်လည်း လူများအပေါင်းကို လူထု-ခေါ်ရသကဲ့သို့ အတိတ်, အနာဂတ်- စသောအားဖြင့် တခြားစီကွဲနေကြသော်လည်း ရုပ်များအပေါင်း -စသည်ကို ရူပက္ခန္ဓာ-ဟု ခေါ်သည်။ ရူပက္ခန္ဓာ-စသည်ကို ရုပ်အစု, ရုပ်ထု-စသည်ဖြင့် မြန်မာပြန်လျှင် ပိုရှင်းဖွယ် ရှိသည်)။
ခဏကြီး
စိတ္တက္ခဏနှင့် တူသည်။