အာယုကပ်

by | Jun 9, 2022 | အ | 0 comments

ကာလအားလျော်စွာ သတ်မှတ်အပ်သော အသက်အပိုင်းအခြားသည် အာယုကပ်မည်၏၊ ဘုရားလက်ထက်တော်တုန်းက အသက်တစ်ရာတမ်းသည် အာယုကပ် ဖြစ်သည်၊ ယခုအခါ ခန့်မှန်းအပ်သော (၇၅) နှစ်တမ်းလည်း အာယုကပ်ပင် ဖြစ်သည်၊ ထိုကြောင့် ထိုထိုလူတို့ အသက်တမ်းကို အာယုကပ်ခေါ်သည်ဟု မှတ်ပါ၊ ထိုထိုဘုံ၌ သက်မှတ်ထားအပ်သော အသက်တမ်းလည်း ထိုဘုံများ၏ အာယုကပ်ပင် ဖြစ်သည်။

အဝိဇ္ဇာသံယောဇဉ် ၁

ဉာဏ်၏ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အဝိဇ္ဇာသံယောဇဉ်...

အရူပါဝစရဈာန်

ရူပါဝစရဈာန် ငါးပါးကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် "ရုပ်ဟူသော အကြောင်းကြောင့် (သူတပါးကို နှိပ်စက်ရန်) ဒုတ်ကို စွဲကိုင်ခြင်း၊ (ဓား လှံ စသော) လက်နက်ကို စွဲကိုင်ခြင်း၊ ရန်ဖြစ်ခြင်း၊ အယူအဆ အထင်အမြင် ကွဲပြားခြင်း၊ ငြင်းခုံခြင်းများ ဖြစ်ကြရသည်၊ ဤ အလုံးစုံသည် ရုပ်မရှိသည့်...

အပ္ပမညာကမ္မဋ္ဌာန်း

ဤမျှသော သတ္တဝါကိုသာ အာရုံပြုသည်၊ ဤမျှသော သတ္တဝါကို အာရုံမပြု၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို အာရုံပြုသည့်အခါမှာလည်း အထက်ပိုင်းကိုသာ အာရုံပြုသည်၊ အောက်ပိုင်းကို အာရုံမပြု၊ ဤသို့ စသည်ဖြင့် အရေအတွက်အားဖြင့်လည်း ပိုင်းခြားကန့်သတ်မှု မရှိ၊ ကိုယ်လက်အင်္ဂါ...

အနန္တရပစ္စယော

အခြားမဲ့ (ကာလမခြားဘဲ ဆက်တိုက်)အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။