အာယုကပ်

by | Jun 9, 2022 | | 0 comments

ကာလအားလျော်စွာ သတ်မှတ်အပ်သော အသက်အပိုင်းအခြားသည် အာယုကပ်မည်၏၊ ဘုရားလက်ထက်တော်တုန်းက အသက်တစ်ရာတမ်းသည် အာယုကပ် ဖြစ်သည်၊ ယခုအခါ ခန့်မှန်းအပ်သော (၇၅) နှစ်တမ်းလည်း အာယုကပ်ပင် ဖြစ်သည်၊ ထိုကြောင့် ထိုထိုလူတို့ အသက်တမ်းကို အာယုကပ်ခေါ်သည်ဟု မှတ်ပါ၊ ထိုထိုဘုံ၌ သက်မှတ်ထားအပ်သော အသက်တမ်းလည်း ထိုဘုံများ၏ အာယုကပ်ပင် ဖြစ်သည်။

အပ္ပနာ

ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သော တရား။

အဘိညာဉ် ၂ ပါး၂

၁။ ရူပါဝစရကုသိုလ်ပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်၊ ၂။ ရူပါဝစရကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်။

အကုသိုလ်ကာယကံ ၃ ပါး

၁။ ပါဏာတိပါတ၊ ၂။ အဒိန္နာဒါန၊ ၃။ ကာမေသု မိစ္ဆာစာရ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

အဟိတ်ကုသလဝိပါက်

အဟိတ်ကုသလဝိပါက်-ဟူသည် အဟေတုက+ကုသလ+ဝိပါက-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသော ပုဒ်ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ ကုသလ+ဝိပါက= ကုသိုလ်၏+အကျိုးဖြစ်သော-ဟု အဓိပ္ပါယ်ရသည်။ ကုသိုလ်၏အကျိုးလည်း ဖြစ်သော (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရားလည်း...

အဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက် နှစ်မျိုးကို ပေါင်းစပ်၍ သိစေတတ်သော "မင်း+သား" စသော သဒ္ဒပညတ်။